English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၃ရက်၊ ၂၀၂၅
လှူရန်
Preview
မြောက်ဦး ပေါက်တောပြင်ကျေးရွာအနီး စစ်တပ်စခန်းချထားသည့်တောင်၌ မိုင်းပေါက်ကွဲမှုဖြစ်၍ နွားတစ်ကောင်သေဆုံး
ဇွန် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :5595
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီး စစ်တပ်ကတပ်စွဲစခန်းချထားသည့်တောင်၌ မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်၍ နွားလားတစ်ကောင်သေဆုံးသွားကြောင်း သိ၇သည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသည် ပေါက်တောပြင်ရွာနှင့် နဖူးသင်္ကျိုက်တော်ဘုရားကြားရှိ စစ်တပ်စခန်းချထားသောတောင်တွင်ဖြစ်ပြီး ယနေ့ ဇွန်လ ၂၅ ရက် နံနက် ရ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက "နွားဆီမှာထိသွားတယ်။ နွားကလေးနာမည်က မသိန်းစိုး။ နွားလားကြီး၊ အကြီးကြီးနွားက။ အဲဒီနွားတစ်ကောင်တည်း မိုင်းနှစ်လုံးနင်းမိသွားတာ။ တခါတည်းသေသွားတယ်။ နွားကိုတော့ တောင်ပေါ်ကစစ်သားတွေက တွန်းပြီးချပေးလိုက်လို့ ပိုင်ရှင်လက်ထဲကို ရောက်နေပြီ"ဟု ပြောသည်။
အဆိုပါသေဆုံးသွားသည့်နွားသည် ပေါက်တောပြင်ကျေးရွာမှ ဒေါ်ပြုံးပြုံးပိုင်ဆိုင်သော နွားဖြစ်ပြီး တောင်ပေါ်သို့တက်၍ အစာရှာစားစဥ်ပေါက်ကွဲမှုဖြစ်၍သေဆုံးသွားခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါပေါက်တောပြင်ကျေးရွာအနီးရှိ တောတောင်များတွင် မြန်မာစစ်တပ်မှ တပ်စခန်းချထားမှုများရှိကြောင်း ဒေသခံများက ပြောသည်။
အဆိုပါပေါက်တောပြင်ကျေးရွာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မိုင်းပေါက်ကွဲမှုနှစ်ခုကြောင့် နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိ၇သည်။(NN-8)
#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.