English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ပေါက်တောမြို့နယ်သဲခုံရွာအနီးစက်လှေတစ်စီးပေါ်မှ မူဆလင် ၉ ဦးကို WFP စာတမ်းပါဆန်၁၀၀အိတ်နှင့်အတူဖမ်းဆီးမိဟုဆို
ဇွန် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :3203
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံကျေးရွာအနီး စက်လှေတစ်စီးပေါ်မှ မူဆလင် ၉ ဦးကို WFP စာတမ်းပါ ဆန် ၁၀၀ အိတ် အပါအဝင် တခြားမီးဖိုချောင်သုံး ပစ္စည်းများနှင့်အတူဖမ်းဆီးမိသည်ဟု ပြည်နယ်အစိုးရ သတင်းပေ့ရှ်တစ်ခုဖြစ်သည့် ၇ခိုင်နေ့စဥ် သတင်းတွင် ဖော်ပြသည်။
သူတို့ကို ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ သဲခုံရွာအနီး ပွဲကြည့်တောင်၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အရှေ့မှ အနောက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးပေါ်မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများမှာ ပေါက်တောမြို့နယ်မှဖြစ်ပြီး စက်လှေပေါ်ရှိ WFP စာတမ်းပါ ဆန် ၁၀၀ အိတ်၊ စားဆီ ၆၀၀ ဗူး(၃ လီတာဆံ့)၊ ကုလားပဲ ၂၀ အိတ်နှင့် မြန်မာကျပ်ငွေအရောရောကျပ် ၈၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးရမိသည့် စက်လှေနှင့် စက်လှေပေါ်ပါပစ္စည်းများအား စစ်တွေမြို့ မြို့မရဲစခန်းတွင်ထိန်းသိမ်းထားရှိပြီး မူဆလင် ၉ ဦးအား ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။
ဓာတ်ပုံ - ၇ခိုင်နေ့စဥ်
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.