Preview

ရသေ့တောင်တွင် စက်မှုကြီးကြပ်အရာရှိ ၁ ဦးနှင့် အရပ်သား ၁ ဦးကို AA ဖမ်းဆီး

ဇွန် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :3275
ရခိုင် သတင်း
နိရဉ္ဇရာ၊ ဇွန် ၂၅ / ၂၀၂၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ပြည်နယ် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာရှိ ၁ ဦးနှင့် အရပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားသည်ဟု သိ၇သည်။
ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာရှိ SAE ဦးဆန်းလင်းအောင်(၃၈ နှစ်)နှင့် ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ဇွန်လ ၂၃ ရက် ညအချိန် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဦးဇော်ဟိန်းထွန်း၏ဖခင် ဦးဦးသာဇံက နိရဉ္ဇရာကို ပြောသည်။
ဦးဆန်းလင်းအောင်သည် ရသေ့တောင်တွင် တာဝန်ကျနေသူဖြစ်ပြီး ယင်းနေ့က အလုပ်ချိန်ပြီး၍ စစ်တွေသို့ပြန်ရန်နောက်ကျသွားသည့်အတွက် ကူတောင်ရွာသို့ပိူ့ပေးရန် GTC တက်ဖော်တက်ဖက်ဖြစ်သည့် ကိုဇော်ဟိန်းထွန်းကို အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။
သူတို့ ၂ ဦးသည် ယင်းနေ့ည ကူတောင်ရွာတွင် တည်းခိုနေစဥ် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်ဟု ဦးဦးသာဇံကပြောသည်။
"ဆန်းလင်းအောင်မှာပါတဲ့ စာရွက်စာတမ်းတွေမှာ မသင်္ကာတာတွေ တွေ့ရတယ်လို့ ပြောကြတယ်။ အဓိကတော့ သူတို့ကို မယုံသင်္ကာစစ်ရတာက သူက ရခိုင်သား။ အမေရခိုင်၊ အဖေ၇ခိုင်။ သူ့မှာပါသွားတဲ့မှတ်ပုံတင်မှာက ၁၈ နှစ်ပြည့်မှတ်ပုံတင်မဟုတ်ဘူး။ ကလေးဘ၀ကလုပ်ထားတဲ့ ၁၀ နှစ်ပြည့်မှတ်ပုံတင်။ အဖေက တပ်မှာ အမြောက်တပ်မှာဆိုတော့ လိပ်စာ အမြောက်တပ်လို့ပါတယ်"ဟု ပြောသည်။
ဦးဆန်းလင်းအောင်သည် စက်ရုံလုပ်ငန်းလိုင်စင်များကို စစ်ဆေးရန်နှင့် သက်တမ်းတိုးမြှင့်ရေးကိစ္စအတွက် ရသေ့တောင်သို့သွားရောက်ခဲ့ရခြင်းဖြစ်ပြီး ၇သေ့တောင်တွင် ယာယီတာဝန်ဖြင့် တာဝန်ကျနေသည်မှာ ၆ နှစ်ခန့်ရှိပြီဟု သိ၇သည်။
သူတို့တွင် အပြစ်တစ်စုံတရာမရှိ၍ လိုအပ်သည်များစစ်ဆေးပြီးပါက မကြာခင်ပြန်လွတ်လာလိမ့်မည်ဟုလည်း မိသားစုဝင်များက ပြောဆိုနေကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိလာသည်ဟုဆိုကာ AA သည်လည်း ယခုနောက်ပိုင်း မြို့အချို့တွင် စစ်ကောင်စီတပ်အရာရှိများနှင့်အတူ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိလာနေသည်။
တဖန် စစ်ကောင်စီတပ်ကလည်း အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများတင်းကျပ်လျက်ရှိနေပြီး ဒေသအခြေအနေ မတည်မငြိမ်ဖြစ်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။ (NN-2)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.