English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်သား ၁ဦးဖမ်းဆီးခံခဲ့ရသည့် စစ်တွေအနောက်စံပြရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့ကိုစစ်ကောင်စီက ဖမ်းဆီးထား
ဇွန် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :9731
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၂
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဖမ်းဆီးခံခဲ့ရသည့် စစ်တွေအနောက်စံပြရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့ကို စစ်တပ်ကဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံလိုက်၇သူ ၂ ဦးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖိုးစိန်နှင့် ရာအိမ်မှူး ဦးဘဟန်တို့ဖြစ်ကြပြီး သူတို့ကို ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီကျော် အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့လာရောက် ဖမ်းဆီး သွားသည်ဟု သိ၇သည်။
ယနေ့ဇွန်လ ၂၅ ရက် ညနေ ၆ နာရီအချိန်ထိ ပြန်မလွတ်လာသေးဟု ယင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
"စစ်သားတစ်ယောက်ကို အေအေကဖမ်းသွားလို့ လာဖမ်းတာထင်တယ်။ သူတို့ကိုမဖမ်းခင် ရပ်ကွက်ကို ကားတစ်စီးနဲ့ရောက်လာကြတယ်။ အရင်ဆုံး အိမ်တွေကိုဝင်စစ်တယ်။ ကျွန်မအိမ်ဆိုရင်လည်း စစ်ဆေးခံလိုက်၇တယ်။ သူတို့စစ်တာကတော့ အိမ်ထောင်စု၊ မှတ်ပုံတင်တွေကို စစ်တယ်။ ပြီးမှ သူတို့နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်"ဟု ဆိုသည်။
စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့ဇွန်လ ၂၅ ရက်နေ့အထိ အနည်းဆုံးအရပ်သား ၁၅ ဦးခန့် ဖမ်းဆီးခံထား၇သည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင်လည်း စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီက နေ့လယ်ပိုင်းအချိန်ဆိုလျှင် လမ်းခွဆုံများ၌ လမ်းသွားလမ်းလာများကို စစ်ဆေးနေပြီး ညဥ့်အချိန်ရောက်လာလျှင် ရပ်ကွက်များကို ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများအား တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိနေကြသည်။ (NN-11)
#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.