Preview

ရခိုင်ရှိ မသန်စွမ်းသူများအားကူညီနိုင်ရန် ရွှေရခိုင်မသန်စွမ်းသူများအဖွဲ့ မင်းပြားတွင် ရုံးဖွင့်

ဇွန် ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :5374
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၂
ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများအားကူညီနိုင်ရန် ရွှေရခိုင်မသန်စွမ်းသူများအဖွဲ့ က မင်းပြားမြို့တွင် ယနေ့ ရုံးဖွင့်လိုက်ပြီဟု သိ၇သည်။
အဆိုပါရုံးဖွင့်ပွဲကို မင်းပြားမြို့၊ ကျွန်းညိုရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပခဲ့ပြီး စုစုပေါင်းလူဦးရေ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိ၇သည်။
ရွှေရခိုင်မသန်စွမ်းသူများအဖွဲ့က မသန်စွမ်းသူများအတွက် အသုံးဝင်မည့်အထောက်အကူပြုပစ္စည်းများအပြင် ကျန်းမာရေး၊ မသန်စွမ်းသူများအတွက်အခက်အခဲဖြစ်နေသည့် ပညာရေးစသည့်အရာများ ပြုလုပ်ပေးသွားနိုင်ရန် ယခုရုံးဖွင့်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု အဖွဲ့ ဖောင်ဒါတစ်ဦးဖြစ်သည့် ဒေါ်မဝင်းရွှေက နိရဥ္စရာကို ပြောသည်။
"ဒီအဖွဲ့က မသန်စွမ်းသူတွေလိုအပ်တဲ့ ပညာရေးတွေ၊ ပညာရေးဆိုပေမဲ့ အတန်းပညာမဟုတ်ဘဲ သက်မွေးဝမ်းကျောင်းပြုလုပ်လို့ရတဲ့အသက်မွေးဝမ်းကျောင်းသင်တန်းတွေ၊ စားနပ်ရိက္ခာတွေ၊ မသန်စွမ်းသူများအသုံးပြုရတဲ့ အထောက်အကူပစ္စည်းတွေကို ပေးဆောင်သွားဖို့အစီအစဥ်ရှိပါတယ်"ဟု ပြောသည်။
ရွှေရခိုင်မသန်စွမ်းသူများအဖွဲ့ကို မသန်စွမ်းအမျိုးသမီးများက နောင်တွင် မည်သည့်သည့်အလုပ်ကိုမဆို သူများနှင့်တန်းတူ လုပ်ဆောင်နိုင်ရန် အမျိုးသမီးနှစ်ဦးက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုလည်း အဖွဲ့၏ဖောင်ဒါတစ်ဦးဖြစ်သည့် ဒေါ်ခင်ယဉ်ဇော်က ပြောသည်။
"အမျိုးသမီးတွေပါဝင်မှုက အဖက်ဖက်က နောက်ကျနေတဲ့အတွက် အမျိုးသမီးတွေပါဝင်မှု
ကောင်းလာဖို့အတွက် အမျိုးသမီးနှစ်ယောက်ကဦးဆောင်ပြီးလုပ်တာပါ" ဟု ပြောသည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်ကော်မတီ ၇ ဦးနှင့် အဖွဲ့ဝင် ၃၀ ဦးရှိပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူများဦးရေ စုစုပေါင်း ၁ သိန်းကျော်ခန့်ရှိသည်ဟုလည်း သိ၇သည်။ (NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.