English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
မြေပုံတွင် ကျပ်သိန်း ၂ သောင်းခွဲခန့်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့သော်လည်း သယ်ဆောင်လာသူများအား ဖမ်းမမိနိုင်ခဲ့ဟုဆို
ဇွန် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :2356
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၇ / ၂၀၂၂
၇ခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စက်လှေ ၁ စီးပေါ်မှ ကျပ်သိန်း ၂ သောင်းခွဲခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သော်လည်း ယင်းမူးယစ်ဆေးများကိုသယ်ဆောင်လာသူများအား ဖမ်းမမိနိုင်ခဲ့ဟု သိ၇သည်။
အဆိုပါမူးယစ်ဆေးဝါးများကို ဇွန်လ ၂၅ ရက် ည ၁၁ နာရီခန့်တွင် မြေပုံမြို့နယ်၊ ကျွန်းသာယာ၏အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်စက်လှေ ၁ စီးပေါ်မှ မြို့နယ်ပူးပေါင်းအဖွဲ့က စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏သတင်းပေ့ရှ်တစ်ခုဖြစ်သည့် ရခိုင်နေ့စဉ်ပေ့ရှ်တွင် ယနေ့နံနက်က ဖော်ပြထားသည်။
အဆိုပါစက်လှေတွင် ရေခဲအကန့် ၉ ကန့်ပါရှိပြီး နောက်ဆုံးအကန့်တွင် ငါးဖမ်းပိုက်များဖြင့် ဖုံးအုပ်ကာ တရုတ်စာများနှင့် DA GUAN YIN စာတန်းပါ လက်ဖက်ခြောက်အိတ်ခွံဖြင့် ထုပ်ပိုးထားသော ICE ဟုယူဆ၇သည့် ၁ ထုပ်လျှင် အလေးချိန် 1 kg ရှိ ၁၀၀၀ ထုပ် (ကာလတန်ဖိုး ၂၅,၀၀၀,၀၀၀,၀၀၀ ကျပ် ခန့်)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါမူးယစ်ဆေးဝါးများအား စစ်တွေမြို့နှင့် ပေါက်တောမြို့အပါအဝင် ဖရုံကာကျွန်းအရှေ့ဘက်ရှိ ကျေးရွာများမှတင်ဆောင်၍ မလေးရှားနိုင်ငံသို့ သွားရောက်ရောင်းချရန် ထွက်ခွာလာစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လှေပေါ်ပါသူများမှာ ရေထဲသို့ခုန်ချထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မြေပုံမြို့နယ်တွင် ယခုကဲ့သို့ တန်ဖိုးအများအပြားရှိ မူးယစ်ဆေးများကို ယခင်က ဖမ်းဆီးရမိမှုဖြစ်စဉ်များ မရှိသလောက်နည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.