Preview

ကျောက်တော်တွင် ကိုဇော်ဝင်းအပါအဝင် အပြစ်မဲ့အရပ်သား ရ ဦး ဖမ်းဆီးခံခဲ့၇ပြီး ၄ ဦးလွတ်မြောက်ကာ ၃ ဦး ဖမ်းဆီးခံနေရဆဲဟု AA ထုတ်ပြန်

ဇွန် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :10171
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၇ / ၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် အပြစ်မဲ့အရပ်သား ရ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့နေ့လယ်တွင် ထုတ်ပြန်လိုက်သည်။
ဖမ်းဆီးခံခဲ့ရသူ ၇ ဦးအနက် ၄ ဦးမှာ ဇွန်လ ၂၁ ရက်တွင် လွတ်မြောက်သွားပြီဖြစ်ပြီး ကိုဇော်ဝင်းအပါအဝင် ၃ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိ၇သည်။
သူတို့သည် ဇွန်လ ၂၁ ရက်နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့တွင်လည်း အပြစ်မဲ့အရပ်သား ၂၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု AA က ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် အသက်မပြည့်သည့်လူငယ်များနှင့် မူဆလင်အချို့လည်း ပါဝင်သည်ဟု သိ၇သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.