Preview

စစ်တွေဓည၀တီရပ်ကွက်က လူ ၃ ဦး ဇွန် ၂၄ ရက်နေ့ကနေ ပျောက်ဆုံးနေ

ဇွန် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :7650
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
စစ်တွေမြို့ ဓည၀တီ (က)ရပ်ကွက်မှ လူ ၃ဦးမှာ ဇွန် ၂၄ ရက် ညနေကတည်းက ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
၎င်းတို့ ၃ ဦးမှာ ဦးမောင်အေး(ဘ)ဦးရွှေထွန်းဖြူ (အသက်-၅၂)နှစ်၊ ဦးအောင်လှစိန်(အသက်-၆၃နှစ်)၊ ဦသိန်းရွှေ(ဘ) ဦးဗုဒ္ဓဟူးအောင် (အသက် ၄၂ နှစ်) တို့ ဖြစ်ကြသည်။
၎င်းတို့ ၃ ဦးကို ဇွန် ၂၄ ရက်သောကြာနေ့ ည ရ နာရီကစပြီး မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်ဟု သိ၇သည်။
ဦးမောင်အေး၏ သားဖြစ်သူက “ လုံး၀ အဆက်အသွယ်မ၇ဘူး။ ဒီလ ၂၄ ရက်နေ့ ညနေက စပြီးပျောက်နေတာ။ အဖေက ဦးအောင်လှစိန်က ဖုန်းနဲ့ ခေါ်လို့ လိုက်သွားတာ။ စစ်တပ်က ဖမ်းသွားလား။ အတိအကျ သတင်းမရ ဖြစ်နေပါတယ်။ အိမ်က လူတွေ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောသည်။
၎င်းပြင်သူဖခင်တို့ ပျောက်ဆုံးနေသည့် အပေါ် ခန့်မှန်းရန်မတတ်ကြောင်း၊ တစ်နေရာရာသို့ ရောက်နေလျှင်လည်း ဖုန်းဆက်မည်ဖြစ်ကြောင်း သားဖြစ်သူက ဆက်လက်ပြောဆိုသည်။
၎င်းတို့ ၃ ဦးမှာ ရက္ခိုင့်တပ်တော် (AA)မှ ထုတ်ပြန်သော စစ်ကောင်စီက ဖမ်းဆီးသွားသူ (၂၁) ဦးစာရင်းတွင်လည်း မပါဝင်ကြောင်း သိ၇သည်။
(ဓာတ်ပုံ- ပျောက်ဆုံးနေသူ ၃ ဦးအထဲက ဦးအောင်လှစိန်နှင့် ဦးမောင်အေး)

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.