English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ကျရောက်
ဇွန် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :5343
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၈/၂၀၂၂
ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အစိတ်အပိုင်းများ ယမန်နေ့ညက ကျရောက်ခဲ့သည်ဟု သိ၇သည်။
တရုတ်အာကာသယာဉ်အစိတ်အပိုင်းအချို့သည် ယမန်နေ့ ဇွန် ၂၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၄၃ မိုင်ခန့်အကွာရှိ ပင်လယ်ပြင် အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါအစိတ်အပိုင်းသည် မီးလောင်ကျွမ်းကာ ပြုတ်ကျလာခြင်းဖြစ်ပြီး ပင်လယ်ပြင်အတွင်း တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ပြည်နယ်အစိုးရထုတ်ပြန်ချက်အရ သိ၇သည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင့်ပင်လယ်ပြင်သို့ ဧပြီလ ရ ရက်အတွင်းတစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တစ်ကြိမ်၊ ဇန်နဝါရီလအတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ကျရောက်ခဲ့ဖူးကြောင်း သိ၇သည်။
ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများသည့် ရခိုင့်ပင်လယ်ပြင်သို့မကြာမကြာကျရောက်နေရခြင်းမှာ ဒေသခံရေလုပ်သားများအတွက်လည်း အန္တရာယ်ရှိသလို မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏လက်အောက်မှ မလွတ်နိုင်ဆိုသည်ကို ပြသရာရောက်သည်ဟု မြင်မိကြောင်း မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက သုံးသပ်ပြောဆိုထားသည်။
#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.