English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀တွင် ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူသုံးစွဲနေရ၊ အခြေခံစားသောက်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေ
ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :1156
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇွန် ၂၈/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့တွင် ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀ နှုန်းဖြင့်ဝယ်ယူသုံးစွဲနေ၇ပြီး အခြားအခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း လွန်စွာဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
ပလက်၀မြို့တွင် လမ်းဘေးဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅၀၀၀၊ ၅၅၀၀ နှုန်းဖြင့်ရောင်းချနေရပြီး ၇ခိုင်ပြည်နယ် ကျောက်တော်မြို့မှ ပလက်၀သို့ တစ်ပတ်တွင်တစ်ကြိမ်ပြေးဆွဲနေသည့် ဇက်ရေယာဉ်သည် ပြီးခဲ့သည့်အပတ်က မပြေးဆွဲခဲ့သဖြင့် ကုန်ဈေးနှုန်းများမှာ ပိုမိုဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်တို့မှာလည်း ယခင်ကထက် ဈေးနှုန်းနှစ်ဆလလောက်ပိုမိုမြင့်တက်လာကာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ရှစ်သောင်းခွဲ၊ ကိုးသောင်းနီးပါးဖြင့် ဝယ်ယူစားသုံးနေ၇ကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာနေရခြင်းမှာ ပုဂ္ဂလိကပိုင်စက်လှေများဖြင့် လွယ်ကူစွာခရီးသွားလာခွင့်မရခြင်းနှင့် အာဏာပိုင်များနှင့်နီးစပ်သူအချို့က ကုန်ပစ္စည်းတင်သွင်းမှုများပြုလုပ်ကာ ဈေးကိုပုံမှန်ထက်တိုးမြင့်ရောင်းချနေခြင်းကြောင့်ဖြစ်သည်ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။
"အဓိကတော့ စစ်တပ်နှင့်အပေါင်းအပါလူတွေကပဲ လုပ်စားနေကြတာ။ သင်္ဘောက ဒီအပတ်နှင့်ဆိုရင် နှစ်ပတ်ရှိပြီ မတက်တာ။ ကုန်ဈေးနှုန်းတွေတက်လာတာရဲ့ အဓိကက ဇက်ရေယာဉ်မတက်တာကြောင့်ပေါ့။ ပြည်သူ့စက်လှေတွေက သွားလာခွင့်မရှိဘူး။ သူတို့ခွင့်ပြုတဲ့ တစ်ယောက်နှစ်ယောက်ပဲ သွားလာလို့၇တယ်" ဟုပြောသည်။
ယခုကဲ့သို့ ကုန်ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် အခြေခံလူတန်းစားများမှာ စားသောက်နေထိုင်ရေးအခက်အခဲများစွာဖြင့်ရင်ဆိုင်နေရပြီး တောတောင်များတွင် ဟင်းခူး၊ ဟင်းရှာသွားရန်လည်း မိုင်းအန္တရာယ်တို့ကို စိုးရိမ်နေ၇ကြောင်း ပလက်၀ဒေသခံအမျိုးသမီးတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။
"ဆန်ဈေးတွေလည်း အရမ်းတက်တယ်။ ဈေးတွေတက်တာကတမျိုး၊ ဟင်းရှာဟင်းခူးသွားဖို့လည်း မရဘူး။ ရေလမ်းကြောင်းလည်းမရဘူး၊ ကုန်းလမ်းကြောင်းလည်း မရဘူး။ အားလုံးကပိတ်ထားတာပါပဲ။ ဒီမှာက ချောင်းနဲ့တောကို မှီခိုပြီးစားနေရတာ။ ဒါပေမယ့် မိုင်းပေါက်တာတွေက မကြာခဏရှိတော့ မသွားရဲကြတော့ဘူး၊ ကိုယ်ကတခုခုဖြစ်သွားရင် ဘယ်ဘက်ကိုမှ တရားစွဲလို့၇တာမဟုတ်ဘူး" ဟုပြောသည်။
ပလက်၀မြို့တွင် ညနေ ၆ နာရီမှ ညည့် ၁၁ နာရီအထိရရှိသော လျှပ်စစ်မီးမှာလည်း လက်ရှိတွင် စက်သုံးဆီအခက်အခဲကြောင့် လျှပ်စစ်မီးမသုံးစွဲ၇ဖြစ်နေသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပလက်၀မြို့အနီး ရုပ်ချောင်း၀ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိ၇သည်။ (NN-8)
#စက်မှုလက်မှု/စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.