English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးနှိပ်စက်နေခြင်းကိုမရပ်တန့်ပါက တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်လာနိုင်ဟု AA ပြောခွင့်ရသူဆို
ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :6830
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၈/၂၀၂၂
လက်နက်ကိုင်အချင်းချင်း ဖမ်းဆီးမှုအကြားတွင် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်နေခြင်းမှာ ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ပြီး မြန်မာ့စစ်တပ် အနေနှင့် ၎င်းလုပ်ရပ်ကိုမရပ်တန့်ပါက တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာကို ယနေ့ နံနက်က ပြောဆိုသည်။
"လက်နက်ကိုင်အချင်းချင်း ကိုယ့်လူကိုဖမ်းလို့ သူ့လူကိုဖမ်းတယ်ဆိုတာကတော့ ဒါကဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်တယ်။ ဒါပေမယ့် အခုလက်ရှိ မြန်မာ စစ်တပ်ဘက်ကနေ အပြစ်မဲ့ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်နေတာကတော့ ဒါဟာ ရာဇဝတ်မှုကို ကျူးလွန်း နေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို မရပ်တန့်ရင် အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်တယ်"ဟု ပြောသည်။
လက်ရှိရခိုင်မှာ မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် အရပ်သားပြည်သူ အများအပြားရှိနေပြီး မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေသူများလည်းရှိနေကြောင်း သိ၇သည်။
ရခိုင်တွင်ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု AAပြောခွင့်၇သူ ဦးခိုင်သုခက ဆက်ပြောသည်။
"ပြောရမယ်ဆို မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့ ရခိုင်အရပ်သား ပြည်သူတွေကို မတရားဖမ်းဆီး နေတာတွေဟာ အရပ်သားတွေကို အကြောက်တရား လွှမ်းမိုးနေအောင် လုပ်နေတာတွေဟာ ရခိုင်ပြည်သူတွေ အပေါ် မြန်မာစစ်တပ်ဘက်က ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေ အတွက် မြန်မာစစ်တပ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကတော့ ရှိလာ၇မှာဖြစ်တယ်"ဟု ပြောသည်။
ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA ကစတင်ဖမ်းဆီးခဲ့ပြီးနောက် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့တို့တွင် စစ်သားနှင့် ရဲတပ်ဖွဲများကို ဖမ်းဆီးမှုများကို အေအေက ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် မြန်မာစစ်တပ်ကလည်း အေအေဖမ်းဆီးမှုကို လက်တုံ့ ပြန်သည့် အနေဖြင့် အရပ်သားပြည်သူ အများအပြားကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများအထဲတွင် လူမှုရေး လှုပ်ရှားသူများနှင့် ရိုးရိုးသာမာန် အရပ်သားအများအပြားပါဝင်သည်ဟုလည်း မိသားစုဝင်များက ပြောဆိုသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်တွင် ဖမ်းဆီးခံ ၇သူများမှာ ၄၅ ဦးရှိပြီး ၎င်းတို့မှာ စစ်တွေမှ ၂၁ ဦး၊ ပုဏ္ဏားကျွန်းမှ ၈ ဦး ၊ ကျောက်တော်မှ ၇ဦးနှင့် မြောက်ဦး ၉ ဦး၊ စုစုပေါင်း (၄၅) ဖြစ်ကြောင်း ဖော်ပြထားသည်။
ဦးခိုင်သုခက "ဒီလိုရာဇဝတ်မှုတွေလုပ်နေတာကို မြန်မာစစ်တပ်ဘက်က မရပ်တန့်ဘူးဆိုရင်တော့ အခြေအနေဟာ ဒီထက်ဆိုးဝါးတဲ့ဘက်ကို ဦးတည်သွားပြီး တိုက်ပွဲတွေလည်း အချိန်မရွေး ပြန်ပြီး ဖြစ်ပွားလာနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်"ဟု ပြောသည်။
စစ်တပ်၏ ဖမ်းဆီးခံရသူများအထဲမှ တချို့ မှာ ညှင်းပန်းနှိပ်စက်ခံရ၍ ဆေးကုသခံယူရမှုများ ရှိနေကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့က ပြောဆိုထားသည်။ (NN-7)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.