Preview

စစ်တွေတွင်ဖမ်းဆီးခံထား၇သူများအနက် ၃ ဦး လွတ်မြောက်လာ

ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :8699
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၈ /၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံလိုက်၇သူများအနက် ၃ ဦးလွတ်မြောက်လာကြပြီဟု သိ၇သည်။
လွတ်မြောက်လာသူများမှာ စစ်တွေမြို့နယ် ကြွီတဲရွာမှ ပြင်ပကျောင်းဆရာ ဦးညီညီထွန်း(၃၇ နှစ်)၊ စစ်တွေမြို့နယ် ကြွီတဲပိုက်ဆိပ်ကြီးမှ ရေလုပ်သား ဦးမြင့်စိုး (၃၆ နှစ်)နှင့် စစ်တွေမြို့နယ် လက်မချေကျေးရွာမှ ရွာတာဝန်ခံ ကိုဆော်လိမ်(ခ)မောင်ကျော်လှ(၃၁ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယမန်နေ့ ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့မရဲစခန်းမှတဆင့် လွတ်မြောက်လာကြခြင်းဖြစ်သည်ဟု လွတ်မြောက်ရာတွင်ပါဝင်သည့် ကိုဆော်လိမ်(ခ)မောင်ကျော်လှ နိရဥ္စရာကိုပြောသည်။
“ကျနော့်ကိုတော့ ၂၆ ရက်နေ့ည ၁၁ နာရီလောက်မှာ စစ်ကားတစ်စီးနဲ့ မြို့မစခန်းကိုခေါ်လာပြီးတော့ မနေ့က မနက်မှာ လွှတ်ပေးလိုက်တာ။ ကျနော်နဲ့အတူလွတ်တဲ့အထဲမှာ ကျောင်းဆရာတစ်ယောက်ပါတယ်။ ပြီးတော့ ပိုက်ချတဲ့တစ်ယောက်ပါတယ်”ဟု ပြောသည်။
ကိုဆော်လိမ်(ခ)မောင်ကျော်လှသည် ဇွန်လ ၂၃ ရက်ညတွင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်မချေကျေးရွာအနီးရှိ ဆက်သွယ်ရေးအမှတ်(၄)တပ်ရင်းထဲတွင် ဇွန်လ ၂၆ ရက် ညအထိ စစ်ဆေးခံခဲ့၇သည်ဟု ဆိုသည်။
“AA နဲ့ အဆက်အသွယ်ဘာရှိလဲ။ AA က လာပြီးတော့ လက်မချေရွာမှာ လူတွေခန့်ထားလား။ အဲလိုမေးပါတယ်။ AA ကို တစ်လမှာ ငွေဘယ်လောက်ပေးလဲ။ တစ်အိမ်ကို ဘယ်လောက်ကောက်လဲ။ အဲဒါတွေကိုမေးပါတယ်။ ကျနော်တို့က လုံး၀မပေးရဘူး။ အဆက်အစပ်လည်း မရှိဘူးလို့ ဖြေလိုက်တယ်”ဟု ပြောသည်။
စစ်တွေတွင် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံလိုက်၇သူ ၂၁ ဦးရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၂၆ ရက်ညတွင် ထုတ်ပြန်ထားသည်။
ယခုလွတ်မြောက်လာသူ ၃ ဦးမှာ ထို ၂၁ ဦးထဲတွင်ပါဝင်သူများဖြစ်သည်။
သို့ရာတွင် စစ်တွေဓည၀တီရပ်ကွက်မှ သက်ကြီးပိုင်း ၃ ဦးဖြစ်သည့် ဦးမောင်အေး (၅၂ နှစ်)၊ ဦးအောင်လှစိန်(၆၃ နှစ်)နှင့် ဦးသိန်းရွှေ (အသက် ၄၂ နှစ်)တို့ ၃ ဦးသည် ဇွန်လ ၂၄ ရက်ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့၇သော်လည်း သူတို့ ၃ ဦးအမည်သည် AA ၏ထုတ်ပြန်ချက်ထဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။
လက်ရှိတွင် ထိုသက်ကြီးပိုင်း ၃ ဦးသည် စစ်တွေရှိ စစ်စခန်းတစ်ခုတွင် စစ်ဆေးခံနေရသည်ဟု သိ၇သည်။ (NN-2)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.