Preview

အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျခံတည်ဆောက်နေသည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်း လာမည့်နှစ်တွင် ပြီးစီးမည်ဟုဆို

ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :1788
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၉/ ၂၀၂၂
ကျောက်ဖြူမြို့၊ ကံကော်တောဘုရားအနီးတွင် တရုတ်ကုမ္ပဏီ Power China ပါဝင် တည်ဆောက်နေသော ဒေါ်လာသန်း ၁၅၀ ခန့် ကုန်ကျမည့် ဓာတ်အားပေးစက်ရုံသည် လာမည့် ၂၀၂၃ ခုနှစ် မေလတွင် ပြီးစီးမည်ဟု သတင်းရရှိသည်။
၎င်းစက်ရုံမှာ စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာ၀ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံဖြစ်ပြီး ပြည်တွင်းမှာ ပထမဦးဆုံးအသုံးပြုမည့် ဂျာမနီထုတ် စွမ်းအားမြင့် ဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 ဓာတ်ငွေ့တာဘိုင်အနည်းငယ်ဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက်နေသည်ဟု BETV Business သတင်းတွင် ဖော်ပြသည်။
၂၀၂၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့သည့် ၎င်းစက်ရုံမှာ လက်ရှိတွင် စီမံကိန်းက စီမံကိန် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ လာမည့်နှစ် ၂၀၂၃ မေလတွင် ပြီးစီးမည်ဟု ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မီဒီယာများကို ပြောဆိုထားသည်။
IPP/BOT စနစ်ဖြင့် တည်ဆောက်နေသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို ရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် သဘာ၀ဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အားထုတ်လုပ်မည် ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) အတွက် အရေးပါသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်ဟုဆိုသည်။
၎င်းစီမံကိန်းကို တရုတ်ကုမ္ပဏီ Power China Resource (SINOHYDRO) နှင့် မြန်မာနိုင်ငံသားပိုင် Supreme Group တို့ ပါဝင်သည့် ကျောက်ဖြူလျှပ်စစ်စွမ်းအားကုမ္ပဏီက အကောင်အထည် ဖော်နေခြင်းဖြစ်ဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိ၇သည်။
သဘာ၀ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းရဲ့ ဒီဇိုင်းအ၇ တစ်နှစ် ထုတ်လုပ်နိုင်မှုက ယူနစ် ၁,၀၀၅ သန်းဖြစ်ပြီး လျှပ်စစ် ဓာတ်အား (၁)ယူနစ်ကို ၈.၅၉ ဆင့်နှုန်းဖြင့် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း ဆပ်စပ်သတင်းများအရ သိရှိ၇ကြောင်း BETV Business က ဖော်ပြသည်။
စီမံကိန်းစတင်ချိန်က (ခန့်မှန်း) ကန်ဒေါ်လာသန်း ၁၅၀ အသုံးပြုဖို့ စီစဉ်ခဲ့ကြပြီး စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အပြင် နိုင်ငံတော်ဓာတ်အားစနစ်ထဲလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOEE ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.