English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀တွင် စက်သုံးဆီမရှိ၍ မြို့တစ်ခုလုံးလျှပ်စစ်မီးပြတ်
ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :6891
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့တွင် စက်သုံးဆီမရှိ၍ ဇွန် ၂၇ ရက် ညကစပြီး မြို့တစ်ခုလုံး လျှပ်စစ်မီးပြတ်တောက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
ပလက်၀မြို့တွင် ဒီဇယ်သုံး မီးစက်ကြီးဖြင့် လျှပ်စစ်မီးဖြန့်ဝေရာ၌ အုပ်စု နှစ်အုပ်စု (၂) ပိုင်းခွဲထားကာ တစ်အုပ်စုနှင့်တစ်အုပ်စုကြား တစ်ရက်ခြားစီ မီးပေးဝေကြောင်း ပလက်၀ဒေသခံများကပြောသည်။
အဆိုပါမီးပေးဝေနေမှုသည် စက်သုံးဆီပြတ်လပ်သွားသဖြင့် ဇွန်၂၇ ရက်ညမှ စတင်ကာမီးမရရှိခဲ့ကြောင်း ပလက်၀ဒေသခံတစ်ဦးကပြောသည်။
" ဟိုတစ်နေ့ကဆိုရင် ကျမတို့အပိုင်း၇မဲ့ အလှည့်လေ။ ဒါပေမယ့်မီးမပေးဘူး၊ လုံး၀မရခဲ့ဘူး။ ဆီမရှိလို့ မပေးတာမျိုးလို့တော့ ကြားတယ်။ ဒီနေ့လည်း မရဖို့ များတယ်။ အခုက ရေလမ်းကြောင်းတွေလည်း အားလုံးပိတ်ထားတော့ ဆီတွေလည်း မရောက်ဘူး ဒီကို" ဟုပြောသည်။
ပလက်၀မြို့တွင် တစ်အုပ်စုလျှင် တစ်ရက်ကျဖြင့် လျှပ်စစ်မီးကို တစ်ရက်လျှင် ညနေ ၆ နာရီမှ ညည့် ၁၁ နာရီအထိယခင်က ပုံမှန် မီးပေးဝေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စက်လှေများ၊ မော်တော်ဘုတ်များသွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ထားသဖြင့် ပလက်၀၌ စက်သုံးဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်နေကာ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၅၀၀၀၊ ၅၅၀၀ကျပ်ခန့်ပင် ပေးကာ ဝယ်ယူ သုံးစွဲနေ၇ကြောင်း ဒေသခံများကပြောသည်။
နောက်ထပ်ပလက်၀ဒေသခံတစ်ဦးက "ဆီမရှိလို့ မီးမပေးဘူးလို့ကြားတယ်။ မနေ့က မီးမလာဘူး၊ ဒီနေ့လည်း ရမယ်မထင်ဘူး။ ဆီသယ်ဖို့လမ်းကြောင်း မရှိလို့ထင်တယ်။ ပလက်၀မှာက စက်လှေတွေ ကိုယ်သွားချင်သလို စိတ်ကြိုက် သွားလာခွင့်မရှိဘူးလေ။ အခုတော့ သူတို့ဝန်ထမ်းတွေလည်း သွားလာ၇ အဆင်မပြေလို့ ထင်တယ်" ဟုပြောသည်။
လက်ရှိအချိန်တွင် ပလက်၀သို့ တစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်မှာလည်း ပြီးခဲ့သည့်အပတ်က ကုလားတန် မြစ်ရေ တက်နေသဖြင့် ပြေးဆွဲခဲ့ခြင်းမရှိသဖြင့် ပလက်၀တွင် စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ ကုန်စည်လည်ပတ်စီးဆင်းမှု မရှိသလောက် နည်းပါးနေကြောင်း ဒေသခံများကပြောသည်။
အဆိုပါ မီးပေးဝေမှုရပ်ဆိုင်း နေရခြင်းအကြောင်း အရင်းအသေးစိတ်နှင့် ပတ်သက်၍ ပလက်၀မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကိုမေးမြန်းရန် ဆက်သွယ်ရာ ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။ (NN-8)
(Photo by Chin world)
#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.