English Edition
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၅
လှူရန်
Preview
အမ်းတွင် မူဆလင် ၃ ဦး ဖမ်းဆီးခံရ
ဇွန် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :2341
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၉ / ၂၀၂၂
၇ခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ယမန်နေ့က မူဆလင် ၃ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိ၇သည်။
ယမန်နေ့ ဇွန် ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်များအား စစ်ဆေးနေစဉ် ကြက်ရေစမ်းကျေးရွာအနီး၌ မူဆလင်များရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ပြည်နယ်အစိုး၇က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်မှ ပွဲစားဆိုသူက ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်လိုပါက ၁ ဦးလျှင် ကျပ်သိန်း ၇၀ ပေး၇မည်ဟုဆို၍ သဘောတူညီခဲ့သည်ဟု ဖော်ပြထားသည်။
ဇွန် ၂၅ ရက်နေ့တွင် မင်းပြားမှအမ်းမြို့နယ်သို့စက်လှေဖြင့် ရောက်ရှိခဲ့ပြီး ၎င်းမှတစ်ဆင့် ကြက်ရေစမ်း ကျေးရွာအနီးရှိ တောင်ယာတဲ ၁ လုံးသို့ ရောက်ရှိခဲ့ကာ ၎င်းတဲတွင် ၁ ည အိပ်ခဲ့ပြီး မည်သူမျှလာရောက်ခေါ်ဆောင်ခြင်းမရှိသဖြင့် တောလမ်းအတိုင်း ထွက်ခွာခဲ့ရာတွင် ကြက်ရေစမ်းကျေးရွာအနီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။
၄င်းတို့၏အမည်နှင့် နေရပ်လိပ်စာကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။
လက်ရှိတွင် ၄င်းတို့အား အမ်းမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး ဥပဒေအရလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိ၇သည်။
#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.