English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာသည့် ၇ခိုင်လူမျိုး၆ ဦး မောင်တောစစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရ
ဇွန် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :10241
ရခိုင် သတင်း
နိရဉ္စရာ၊ဇွန်၂၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲသို့ ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇ခိုင်လူမျိုး ၆ဦးကို ယမန်နေ့ ဇွန်လ ၂၈ရက်နေ့တွင် ကြိမ်ချောင်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံ၇သူ ၆ဦးမှာ ၇ခိုင်လူမျိုးများဖြစ်ကြသည့် ဦးမင်းသိန်းအောင်နှင့်ဇနီး ဒေါ်သိန်းကျော့မတို့၏သား နေထက်လင်း(၁၈)နှစ်၊ ဦးမောင်လှစိန်နှင့် ဇနီးဒေါ်မသာဦးတို့၏သား သက်ရင်(၂၃)နှစ်၊ ဦးမောင်ကျော်စိန်နှင့် ဇနီးဒေါ်မဝေသာတို့၏သား မောင်ယိုင်(၂၈)နှစ်၊ ဦးထွေးစံနှင့် ဇနီးဒေါ်ယဉ်သာဦးတို့၏ သား သာထွန်းလှ(၃၁)နှစ်၊ ဦးမောင်စိန်နှင့် ဇနီးဒေါ်ရွှေစိန်၏သား စံထွီးမောင်(၃၂)နှစ်နှင့် ခမီလူမျိုး ဦးတောင်မရဲ နှင့်ဇနီး ဒေါ်ရုံပေါက်တို့၏သား မောင်မောင်(ခ) နန်ခရု(၁၈)နှစ်တို့ ဖြစ်ကြသည်။
ဖမ်းဆီးရမိခဲ့သူများကို စစ်ဆေးချက်အရ ၎င်းတို့သည် မောင်တောမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သိ၇သည်။
မောင်တောမြို့နယ် သင်္ဘောလှ(အပြင်)ရွာအနီးသို့အရောက်တွင် ယာဥ်မောင်း မျိုးကျော်သူက ကားဖြင့်ခေါ်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ကြ၇သည်။
အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက “သူတို့အားလုံးကို မနက်ဖြန် ရုံးထုတ်မယ်လိုတော့ ကြားတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း အတည်မပြုနိုင်သေးဘူး”ဟုဆိုသည်။ (NN-11)
(ဓာတ်ပုံ- ဖြတ်ကျော်ဝင်လာသူ ၆ ဦးနှင့် ကားသမားအား ဖမ်းဆီးထားသည်ကိုတွေ့၇စဉ် /၇ခိုင်နေ့စဉ်)
#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.