English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ဆိုးဝါးစွာပြိုပျက်နေသည့် ၇သေ့တောင်ကမ်းနားလမ်းကို ၁ နှစ်ကျော်ကြာသည့်တိုင် ပြုပြင်ပေးမှုမရှိသေး
ဇွန် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :1187
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့၊ ချောင်း၀ရပ်ကွက်တွင် ဆိုးဝါးစွာပြိုပျက်နေသည့် ကမ်းနားလမ်းကို ၁ နှစ်ကျော်ကြာသည့်တိုင် ပြုပြင်ပေးမှုမရှိသေးဟု မြို့ခံများက ပြောသည်။
အဆိုပါကမ်းနားလမ်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းမှစတင်ကာ အက်ကွဲကြောင်းကြီးများဖြစ်ပေါ်ပြီး ပေ ၂၀၀ ခန့်အထိ ချောင်းထဲသို့ ပြိုဆင်းနေခြင်းဖြစ်သည်။
အနီးအနားရှိ အိမ်များ၊ လမ်းသွားလမ်းလာများအတွက် အချိန်မရွေးအန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေရှိပြီး ၇သေ့တောင်မြို့၏ မြို့မျက်နှာစာလမ်းတစ်ခုဖြစ်၍ အမြန်ဆုံးပြုပြင်ပေးနိုင်လျှင် ကောင်းမည်ဟု ်မြို့မှ ကိုစိုးမြင့်လှိုင်က ပြောသည်။
"လမ်းကတော့ ကားတွေသွားလာလို့မရတော့ဘူး။ လူတွေကတော့ သွားလာနေကြတယ်။ လူတစ်ယောက်လောက်တော့ သွားလာလို့ရတာတော့ရှိတယ်။ ဒါပေမဲ့ အနီးအနားက အိမ်ခြံစည်းရိုးကိုကိုင်ပြီးမှ သွားလာလို့ရတယ်။ လမ်းနဲ့သက်ဆိုင်တဲ့လူတွေကတော့ လမ်းကိုလာတိုင်းတာကြတယ်။ ပြန်သွားကြတယ်။ အဲ့ဒီလိုမကြာမကြာလာတိုင်းကြတာတွေတော့ရှိတယ်။ ဘယ်အချိန်ပြန်ပြုပြင်ပေးမလဲ ကျွန်တော်လည်း မသိ၇ဘူး" ဟုပြောသည်။
အဆိုပါကမ်းနားလမ်းသည် အရှည်ပေ ၂၀၀၀ ရှည်လျားပြီး အကျယ် ၁၈ ပေရှိကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်က ကျပ်သိန်း ၂ ထောင်အကုန်ကျခံ၍ ကွန်ကရစ်လမ်းအဖြစ် ခင်းခဲ့ကြောင်း သိ၇သည်။
၂၀၂၁ ခုနှစ်အစောပိုင်းအရောက်တွင် ချောင်းရေတိုက်စားခြင်းကြောင့် တဖြည်းဖြည်းပိကျကာ အက်ကွဲကြောင်းများဖြစ်ပေါ်၍ ယခုကဲ့သို့ ပြိုကျနေခြင်းဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမူး ဦးနိုင်လင်းထက်က အဆိုပါကမ်းနားလမ်း ကမ်းပါပြိုကျမှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျပ်သိန်း(၇၀၀၀)အကုန်ကျခံပြီး ပြန်လည်ပြုပြင်ရန် လျာထားခဲ့သော်လည်း ဘတ်ဂျက်ငွေမပြည့်မီခဲ့သည့်အတွက် ယခုအချိန်ထိ မပြုပြင်နိုင်ခြင်းဖြစ်သည်ဟု ပြောသည်။
သို့သော်လည်း ယခုနှစ် အောက်တိုဘာလအတွင်း အစိုးရဘတ်ကျပ်ငွေ ကျပ်သိန်း(၇၀၀၀)ကျော်ဖြင့် ပြုပြင်နိုင်အောင်ကြိုးစားနေသည်ဟု ဆက်ပြောသည်။
"လောလောဆယ်မှာတော့ ကျွန်တော်သိရသလောက်က မြစ်ချောင်းထိမ်းသိမ်းရေးဌာနက ပြုပြင်ဖို့ဒီဇိုင်းကို နေပြည်တော်ရုံးချုပ်ကိုတင်ပြထားတယ်လို့ သိရတယ်။ ရုံးချုပ်က စစ်ဆေးအတည်ပြုမှု ခံယူနေတယ်လို့ သိရတယ်။ အဲ့ဒါတွေပြန်ကျလာရင်တော့ ကျွန်တော်တို့က တင်ဒါခေါ်ပြီးတော့ အစောဆုံး ဒီနှစ် ၁၀ လပိုင်းလောက် ပြန်ပြုပြင်မယ်လို့ သိ၇ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် အဆိုပါကမ်းနားလမ်းတွင် လမ်းသွားလမ်းလာများအတွက် သွားလာ၇ လုံး၀အဆင်မပြေတော့သလို သဘာ၀ဘေးအန္တရာယ်များကျရောက်လာနိုင်သည့်ရက်များတွင်ဆိုလျှင် အနီးအနားရှိနေအိမ်များ ထိခိုက်မှုမရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သတိပေးဆော်သြမှုများ ပြုလုပ်နေရသည်ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ - ၇သေ့တောင်ကမ်းနားလမ်း ဆိုးဝါးစွာပျက်စီးနေသည်ကို ယနေ့ ဇွန်လ ၂၉ ရက်တွင် တွေ့၇စဉ်။
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.