Preview

ပလက်၀မှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်

ဇွန် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :7301
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့မှ ရာအိမ်မှူးတစ်ဦးနှင့်ဒေသခံတစ်ဦးတို့ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်သည်ဟု သိ၇သည်။
အမှုဖွင့်ခံထားရသူနှစ်ဦးမှာ ၇ခိုင်အမျိုးသားများဖြစ်ကြသည့် အသက် (၆၀) ကျော်အရွယ် ပလက်၀မြို့မရပ်ကွက် ရာအိမ်မှူးဦးမောင်ဝင်းနှင့် အသက် (၅ရ) နှစ်အရွယ် ဦးမောင်မဲကျော့တို့ဖြစ်ကြသည်။
၎င်းတို့ကို ယမန်နေ့ ဇွန်လ ၂၉ ရက် နေ့လယ် ၁ နာရီက ပလက်၀မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကာ လာမည့် ဇူလိုင်လ ၁၆ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိ၇သည်။
၎င်းတို့နှင့်နီးစပ်သူတစ်ဦးက "ဘာဆက်လုပ်ရတော့မှာလည်း မသိတော့ဘူး။ ထောင်က နောက်ထပ် သုံးနှစ်လောက်သာ ကျမယ်ဆိုရင် သေတောင် သေသွားမလားမသိဘူး။ အခုတောင်မှ လူက အရုပ် မပေါက်တော့ဘူး၊ လုံး၀ကြည့်သားမရလိုက်တော့ဘူး။ လမ်းထလျှောက်တာတောင် လူကိုင်ပြီး လျှောက်ရတယ်။ ဘယ်လိုမျိုးညှည်းပမ်းနှိပ်စက်ပြီးထားလဲမသိဘူး။ ဒါကလည်း အဆိုးထဲကအကောင်းလို့ ပြောရမယ်။ တစ်လ အတောအတွင်း ပြန်ပြီးတော့ ရဲလက်ကို ပြောင်းလာလို့ " ဟုပြောသည်။
၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့သည့် ခလ၇ ၂၈၉ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိ၊ မရှိကို မေးမြန်း စစ်ဆေးခဲ့ပြီးနောက်တွင် နိုင်ငံတော် အပြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်ဘက်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦးသည် ပလက်၀တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များကပြောသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ၎င်းတို့နေအိမ်မှ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ပလက်၀အခြေစိုက် ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်၎င်းတို့အား ဇွန်လ၂၈ရက်၊ ညည့်အချိန်တွင် ပလက်၀မြို့မရဲစခန်းသို့ စစ်ကောင်စီဘက်မှ လွှဲပြောင်းအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
စစ်ကောင်စီ၏ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန် ခြင်းကိုသော် လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တတရားကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်း ကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ (NN-8)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.