English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်များ ဇူလိုင် ၂ရက်နေ့မှစတင်ပြီး ပြန်လည်ပြေးဆွဲမည်
ဇူလိုင် ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :6246
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၃၀/ ၂၀၂၂
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်များကို လာမည့် ဇူလိုင် ၂ ရက်နေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲမည်ဟု သတင်းရရှိသည်။
၎င်းရေယာဉ်လိုင်း၏ ထုတ်ပြန်ချက်အ၇ လာမည့် စနေနေ့ (ဇူလိုင် ၂ ) ရက်နေ့မှ စတင်ပြီး မြို့တော် စစ်တွေကို ဗဟိုပြုပြီး နယ်မြို့များသို့ ပြေးဆွဲနေသည့် ရေယာဉ် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲတော့မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှ နယ်မြို့များသို့ ရွှေပြည်တန်အပါအဝင် အမြန်ရေယာဉ်များ ပြေးဆွဲခွင့်ကို ဇွန် ၂၄ ရက်နေ့ နံနက်ကစစ်ကောင်စီမှ တားမြစ်ခဲ့သည်။
ထိုသို့တားမြစ်သဖြင့် ရွှေပြည်တန် အမြန်ရေယာဉ်၏ စစ်တွေမှ ပေါက်တော - မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ- ၇သေ့တောင်- ဘူးသီးတောင် ၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ- တောင်ကုတ် ခရီးစဉ်များကို ရပ်နား လိုက်ရသည်ဟု သိ၇သည်။
ဇွန်လ ၂၃ ရက်နေ့ စစ်တွေမြို့က စစ်ကောင်စီတပ်က ဗိုလ်ကြီး အဆင့်ရှိသူ အရာရှိ တစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်တွေမြို့ကို ပိတ်ဆို့ခဲ့ပြီး ရေကြောင်း ခရီးစဉ်များသွားလာခွင့်ကို ပိတ်ပစ်ခဲ့သည်။
ထိုသို့ပိတ်ပင်တားမြစ်ခဲ့သဖြင့် ခရီးသွားပြည်သူရာနှင့်ချီပြီး စစ်တွေမြို့တွင် သောင်တင်ကာ အခက်အခဲဖြစ်ခဲ့ကြရသည်ဟု သိ၇သည်။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.