English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
အမေရိကန်နိုင်ငံတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မနက်ဖြန် စတင်ကျင်းပမည်
ဇူလိုင် ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :4777
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁/၂၀၂၂
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်တွင် (ရ)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှစတင်ကာ အစဉ်အလာမပျက် ကျင်းပသွားမည်ဟု သိ၇သည်။
အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့တွင် မနက်ဖြန် ဇူလိုင် ၂ ရက်၌ အကြိုအဖြစ် ရခိုင်ရိုးရာအားကစားများဖြစ်ကြသည့် ကျင်ပွဲနှင့် ကြိုးဆွဲပွဲတို့ကို ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၃ ရက်တွင် ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။
ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးဦးဆောင်ကော်မတီဝင် ကိုကျော်မြင့်လှိုင်က "ဒီရခိုင်ရိုးရာပွဲတော်ကို နှစ်စဉ်ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ မိမိတို့ရိုးရာကိုဖော်ထုတ်ချင်တာကတစ်ပိုင်း၊ ပြီးတော့ ဒီမှာရှိတဲ့ အနာဂတ်ကလေးတွေကို ကိုယ်တို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကိုလည်း သူတို့သိအောင်၊ သူတို့တွေအတွက်အဓိကထားပြီး ကျင်းပရခြင်းဖြစ်ပါတယ်"ဟု နိရဥ္စရာကို ပြောသည်။
မြန်မာနိုင်ငံ၏သင်္ကြန်ကာလဖြစ်သည့် ဧပြီလတွင် အမေရိကန်နိုင်ငံ၌ ဆောင်းရာသီကာလဖြစ်၍ သင်္ကြန်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ရခိုင်ရိုးရာအစဉ်အလာဖြစ်သည့် သင်္ကြန်ရေမကစားမီ ဘုရားရေသပ္ပာယ်ပူဇော်ခြင်းနှင့် ရေသပ္ပာယ်ပူဇော်ရန် နံ့သာသွေးပြိုင်ပွဲကျင်းပခြင်းတို့ကို ဧပြီလတွင် ကျင်းပလေ့ရှိပြီး သင်္ကြန်ရေကစားပွဲတော်ကိုမူ ရာသီဥတုအခြေအနေအရ ယခုမှကျင်းပ၇ခြင်းဖြစ်ကြောင်း ကိုကျော်မြင့်လှိုင်က ဆက်ပြောသည်။
"ရခိုင်က သင်္ကြန်နေ့ရက်တွေမှာ ဘုရားရေသပ္ပာယ်တာ၊ နံ့သာသွေးပွဲတွေကို တစ်ရက်တည်းဖြစ်အောင်တော့ကျင်းပပါတယ်။ သင်္ကြန်ပွဲကတော့ ဒီကရာသီဥတုကြောင့် ဒီအချိန်ဒီအခါမှကျင်းပ၇ခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အိုင်အိုဝါပြည်နယ်ရောက် ၇ခိုင်လူမျိုးများကဦးဆောင်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။
ယခင်နှစ်များက လူပေါင်း ၅၀၀ မှ ၆၀၀ အထိပါဝင်ဆင်နွှဲလေ့ရှိပြီး ရခိုင်လူမျိုးအပြင် မြန်မာနိုင်ငံမှ တခြားတိုင်းရင်းသားများနှင့် အမေရိကန်နိုင်ငံသားများပါ ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိ၇သည်။ (NN-7)
#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.