English Edition
တနင်္လာနေ့၊ ဇွန်လ ၃၀ရက်၊ ၂၀၂၅
လှူရန်
Preview
၁ လကြာဖမ်းဆီးခံရပြီးနောက် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးပြန်လွတ်လာ
ဇူလိုင် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :6078
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလှိုင် ၂/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ အဘောင်သား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးတို့သည် ၁ လကြာဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာပြီဟု သိ၇သည်။
လွတ်မြောက်လာသူများမှာ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ခူမီးလူမျိုး ဦးသာထွန်းအောင်နှင့် ကျေးရွာသား ဦးအိုင်လှတို့ဖြစ်ပြီး သူတို့ကို ယမန်နေ့ ဇူလိုင်လ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်တပ်ဘက်မှ ပလက်၀မြို့ရဲစခန်းသို့လွှဲပြောင်းခဲ့ပြီးနောက် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးကနိရဉ္စရာသို့ပြောသည်။
"တူတူဖမ်းဆီးခံထားရတဲ့ ငါးယောက်အထဲမှာ ဦးချစ်စိန်တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးနဲ့ အိုင်လှတို့က ကင်းလွတ်ပြီးတော့ အိမ်ကိုပြန်လွှတ်လိုက်ကြပြီ" ဟုပြောသည်။
သူတို့နှစ်ဦးနှင့်အတူဖမ်းဆီးခံခဲ့၇သည့် အသက် ၆၆ နှစ်အရွယ် ဦးချစ်စိန်မှာ ယခုထိ ပြန်လည်မလွတ်မြောက်လာသေးကြောင်း သိ၇သည်။
ဦးချစ်စိန်သည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိ၇သည်။
ကျန်းမာရေးအခြေအနေလည်း မကောင်းသဖြင့် လွန်စွာ စိတ်သောကရောက် ပူပန်နေ၇ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
"သူက အသက်လည်းကြီးနေပါပြီ။ သူ့မှာစိတ်မနှံ့တဲ့သမီးအငယ်တစ်ယောက်လည်း ရှိတယ်။ အဲဒီကလေးကလည်း သူ့အဖေကိုရှာနေတာ တချိန်လုံး။ သူ့မိန်းမဆိုရင်လည်း သူ့ကြောင့် မစားနိုင်မသောက်နိုင် အိပ်ယာထဲမှာ လဲနေပြီ။ သူက အသက်လည်းကြီ်းနေပြီ။ အလုပ်မရှိဘဲလည်း မနေနိုင်တော့ အဘောင်သားမှာ တောင်ယာလုပ်နေတာ" ဟုပြောသည်။
၎င်းဦးချစ်စိန်အား လက်ရှိတွင် ပလက်၀အခြေစိုက် ၂၈၉ တပ်ရင်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိမည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။
၄င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်များက အဘောင်သားကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ပလက်၀မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအရပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ (NN-8)
ဓာတ်ပုံ - လူမှုကွန်ရက်
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.