English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
သံတွဲနာရေးအသင်းမှ မီးစက်တစ်လုံးခိုးယူသူ ၃ ဦးကို ဖမ်းမိ
ဇူလိုင် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :3490
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ မြို့မနာရေးကူညီမူအသင်းမှ မီးစက်တစ်လုံး ခိုးယူသူ ၃ ဦးကို ဖမ်းဆီးရမိလိုက်သည်ဟု သိ၇သည်။
မီးစက်ခိုးယူသူများကို ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သံတွဲမြို့မ နာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။
"သံတွဲမြို့မရဲစခန်းက ပစ္စည်းသွားစစ်ရင်း ဖမ်းဆီးရမိတယ်လို့ ရဲစခန်းက ပြောပါတယ်။ အခိုးခံလိုက်၇တဲ့ မီးစက်ကတော့ ဆုံးသွားပါပြီ။ ဘာလို့ဆိုတော့ သူတို့က တစ်ခုချင်းစီဖြုတ်ယူပြီး ခိုးသွားတာဆိုတော့လေ"ဟု ပြောသည်။
ခိုးယူသူများက မီးစက်အထိုင်ကို ချောင်းထဲတွင်ပစ်ထားခဲ့ကြသည်ဟုလည်း ဆိုသည်။
အခိုးခံလိုက်ရသည့် မီးစက်အမျိုးအစားမှာ ဂျန်ဒေါင်း (၇)ကောင်ဆွဲ
မီးစက်အမျိုးအစားဖြစ်ပြီး ပြီးခဲ့သည့်ညက အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု သိ၇သည်။
အခိုးခံလိုက်ရသည့်မီးစက်မှာ သံတွဲမြို့မနာရေးကူညီမှုအသင်း၏ မီးသင်္ဂြိုဟ်စက်ရှိ မီးစက်နှစ်လုံးအနက် တစ်လုံးဖြစ်ပြီး ကာလပေါက်ဈေးအ၇ဆိုလျှင် ကျပ် ၁၁ သိန်းကျော်ရှိနိုင်သည်ဟု ဦးမြင့်သိန်းက ဆက်ပြောသည်။
ယခုအခါ မီးစက်ခိုးယူသွားသူ ၃ ဦးကို သံတွဲမြို့မရဲစခန်းက ဥပဒေအရအရေးယူသွားမည်ဟု သိ၇သည်။
သံတွဲမြို့တွင် မကြာခဏ ခိုးယူမှုဖြစ်စဉ်များဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များတွင် လူငယ်ပိုင်းများနှင့် အသက်မပြည့်သည့်ကလေးများပင် ပါဝင်လာသည်ဟု မြို့ခံများက ပြောသည်။ (NN-12)
ဓာတ်ပုံ - ဦးမြင့်သိန်း
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.