English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဇူလိုင် ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :8423
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၄/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်းသိ၇သည်။
ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမား ၅၅ ဦးကို Quarantine ထားပြီး စစ်ဆေးရာ ယနေ့ ဇူလိုင် ၄ ရက်တွင် စက်လှေသမား ၃ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
“Positive သုံးယောက်တွေ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့နာမည်၊ အသက်တွေကိုတော့ တိတိကျကျမသိရသေးဘူး။ အခုက ကျွန်တော်အစည်းအဝေးတစ်ခုကိုရောက်နေလို့။ ပိုးတွေ့တာနဲ့ပတ်သက်လို့လည်း ကျွန်တော့်ဆီကို သတင်းအချက်အလက်မရောက်သေးဘူး။ တွေ့တာကတော့ မှန်ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ပိုးတွေ့သူ ၃ ဦးကို လှေပေါ်တွင် သီးခြားထားပြီး ၎င်းတို့နှင့်ထိတွေ့ထားသူများကိုလည်း ထပ်ပြီး ပိုဗစ်ပိုး ရှိမရှိစစ်ဆေးသွားမည်ဟုလည်း သိ၇သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
၇ခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။ (NN-11)
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံဆိပ်ကမ်းအတွင်းရှိ စက်လှေတစ်စီးအား ပိုးသတ်ဆေးဖြန်းနေသည်ကို ၂၀၂၀ ပြည့်နှစ်က တွေ့၇စဉ်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.