English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
တောင်ကုတ်တွင် မြစ်ကမ်းပါးပြို၍ လူနေအိမ် ၄ လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီး
ဇူလိုင် ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :9785
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၄/၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ဂူတာရပ်ကွက်တွင် မြစ်ကမ်းပါးပြိုကျသွားခဲ့မှုကြောင့် လူနေအိမ် ၄ လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးဆုံးရှုံးသွားသည်ဟု သိ၇သည်။
ပျက်စီးသွားသည့်နေအိမ်များမှာ တောင်ကုတ်မြို့ ဂူတာရပ်ကွက်မှ ဦးစိုးချေ၊ ဒေါ်စိုးဝင်း၊ ကိုလှမျိုးနှင့် ဦးစောရွှေတို့၏နေအိမ်များဖြစ်ပြီး ကားဝပ်ရှော့မှာ ကိုညီလေး၏ ကားဝပ်ရှော့ဖြစ်သည်ဟု သိ၇သည်။
ဇူလိုင်လ ၂ ရက်ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျသွား၍ တောင်ကုတ်ချောင်း၏ကမ်းနားလမ်းရှိ အဆိုပါနေအိမ်များနှင့် ကားဝပ်ရှော့တို့ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်ဟု နေအိမ်ဆုံးရှုံးသွားသူ ဦးစောရွှေက နိရဥ္စရာကို ပြောသည်။
"အိမ်မှာရှိတဲ့ ပစ္စည်းပစ္စယတွေဆုံးရှုံးသွားတယ်။ အိမ်က လှလှပပဆောက်ထားတာဆိုတော့ သစ်တွေလည်း ဆုံးရှုံးတယ်။ ချောင်းကလည်း နက်တော့ ဘာပစ္စည်းမှ မ၇ခဲ့ဘူး။ ကျနော့်မှာ သိန်း ၃၀ ဖိုးလောက်တော့ ဆုံးရှုံးသွားတယ်" ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် လူများတွင် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ဟု သိ၇သည်။
လက်ရှိတွင် အစိုးရဆီမှ ကူညီထောက်ပံ့မှုများလည်း မရသေးသလို မိုးရာသီဖြစ်၍ နေအိမ်များကို ပြန်ပြီးဆောက်လုပ်ရန်အခက်တွေ့နေကြသည်ဟုလည်း နေအိမ်ပိုင်ရှင်များက ပြောသည်။
နေအိမ်ဆုံးရှုံးသွားသူ ဦးစောရွှေက "အိမ်ကတော့ ပြန်မလုပ်ရသေးဘူး။ မိုးရာသီဆိုတော့ အိမ်ဘယ်လိုလုပ်မလဲ။ ဘယ်ဌာနတွေဆီကမှလည်း အကူအညီ အထောက်အပံ့ပေးတာမျိုးတွေတော့ မရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ ကမ်းပါးပြိုကျသွားတဲ့နေ့က လာကြည့်တာတော့ရှိတယ်" ဟု ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ညကလည်း တောင်ကုတ်မြို့တွင် ကမ်းပါးပြိုကျခဲ့မှုကြောင့် နေအိမ် ရ လုံးပြိုကျသွားခဲ့သည်ဟု သိ၇သည်။ (NN-12)
#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.