English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ပြန်ပေးဆွဲခံခဲ့ရသည့်ပညာရေးဝန်ထမ်း ၂ ဦးကို မိမိနေရပ်သို့ ပြောင်းရွှေ့ခွင့်ပြု
ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :10011
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၆/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို မိမိတို့ဒေသရှိ ကျောင်းများသို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီဟု သိ၇သည်။
ပြန်ပေးဆွဲခံရပြီးနောက် နယ်ပြောင်းခွင့်ရသွားသည့်ပညာရေးဝန်ထမ်း ၂ ဦးမှာ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်သည်။
သူတို့ကို သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှနေ၍ ဆရာကြီး ဦးဘိုဝင်း၏ ဇာတိဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်းကျေးရွာ မူလတန်းကျောင်းသို့လည်းကောင်း၊ ဆရာမ ဒေါ်ဥမ္မာကျော်၏ဇာတိဖြစ်သော စစ်တွေမြို့နယ် ကြံတောကျေးရွာ မူလတန်းကျောင်းသို့လည်းကောင်း ဇူလိုင်လ ၄ ရက်တွင် ပြောင်းရွှေ့ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက အတည်ပြုပြောသည်။
"သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အသီးသီးရဲ့ ထောက်ခံတင်ပြချက်နဲ့အတူ ရခိုင်ပြည်နယ်ပညာရေးအလုပ်အမှုဆောင်အဖွဲ့အစည်းဝေးဆုံးဖြတ်ချက်နဲ့ သူတို့တွေကို သူတို့တွေရဲ့ နေရာအသီးသီးကို ကျန်းမာရေးအရ၊ မိသားစုနေထိုင်ရေးအရ ပြောင်းရွှေ့ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဆရာဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့ကို အကြိမ်ကြိမ်ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ဆရာဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရုံးကိစ္စကြောင့် ဆိုင်ကယ်ဖြင့်သွားစဉ် လမ်းတွင် လက်နက်ကိုင်အချို့၏ပြန်ပေးဆွဲခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်။
ယင်းနောက် ပြန်ပေးဆွဲသမားများက ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း ၅၀ ပေးဆောင်ရန်တောင်းဆို၍ မောင်တောခရိုင်ထွေအုပ်နှင့် မြို့နယ်ပညာရေးမှူးတို့က ငွေလွှဲပေးခဲ့သည့်အတွက် ဇွန်လ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာတွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ပြန်ပေးဆွဲသမားများမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ဆိုသည်ကို လက်ရှိအချိန်အထိ မြန်မာအာဏာပိုင်များနှင့် ပြန်ပေးဆွဲခံခဲ့ရသည့် ကာယကံရှင်များက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။ (NN-7)
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.