Preview

၂ ပတ်ကျော်ကြာရပ်နားခဲ့သည့် ကျောက်တော်-ပလက်၀ဇက်သင်္ဘော ဇူလိုင် ၈ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :2649
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇူလိုင် ၆/၂၀၂၂
၂ ပတ်ကျော်ကြာရပ်နားခဲ့သည့် ကျောက်တော်- ပလက်၀ အစိုး၇ဇက်သင်္ဘောကို လာမည့် ဇူလိုင်လ ၈ ရက်(သောကြာနေ့)တွင် ပြန်လည်ပြေးဆွဲသွားမည်ဟု ပြည်တွင်းရေကြောင်း(ရခိုင်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို အတည်ပြုပြောသည်။
"အင်္ဂါနေ့အစား သောကြာနေ့ထွက်မယ်။ နောက်ပြီးတော့ ပုံမှန်အတိုင်း အင်္ဂါနေ့မှထွက်မယ်" ဟု ပြောသည်။
ပလက်၀ဘက်တွင်မိုးကြီးပြီး ကုလားတန်မြစ်ရေကြီးနေကာ ရေကျများနေသဖြင့် ရေအဆန်တက်ရန် မဖြစ်နိုင်၍ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်မှစတင်ကာ ရေယာဉ်ပြေးဆွဲမှုကို ခေတ္တရပ်နားခဲ့၇ခြင်းဖြစ်သည်ဟု ဆိုသည်။
ကျောက်တော်နှင့် ပလက်၀မြို့အကြား ဆက်သွယ်ရေးတွင် အစိုးရဇက်ရေယာဉ်ကို အဓိကအားကိုးနေရပြီး ထိုရေယာဉ်ပြေးဆွဲမှုရပ်နားခဲ့ရ၍ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ခဲ့၇သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ပလက်၀တွင် ကုန်စည် စီးဆင်းမှုများလည်း အားနည်းခဲ့သည့်အတွက် ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်း ပလက်၀ဒေသခံတစ်ဦးက ပြောသည်။
"သင်္ဘောလည်းမလာ၊ ကြားစက်လှေတွေလည်း ထွက်လို့မရတော့ ပစ္စည်းတွေကပြတ်တယ်။ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်းတွေကပြတ်တယ်။ ကုန်ဈေးနှုန်းတွေလည်း တက်သွားတယ်" ဟုပြောသည်။
အဆိုပါသင်္ဘောကို လာမည့်ရက်သတ္တပတ်များတွင် ပုံမှန်ပြေးဆွဲနေသည့် နေ့ရက်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းဌာနမှ သိ၇သည်။
ကျောက်တော်မှ ပလက်၀သို့ပြေးဆွဲနေသည့် ခရီးစဉ်သည် အင်္ဂါနေ့တွင် ကျောက်တော်မြို့မှ ထွက်ခွာ၍ ဗုဒ္ဓဟူးနေ့တွင် ပလက်၀မှ ကျောက်တော်သို့ပြန်လည်ထွက်ခွာကြောင်း သိ၇သည်။
အဆိုပါခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ ရေယာဉ်ခကို ကျပ် ၁၈၀၀ နှင့် ကုန်တစ်တန်လျှင် ကျပ် ၁၁၂,၀၀ စီသတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။ (NN-8)

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.