English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မြန်မာတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၂ ကြိမ်အထိဖြစ်ပွား
ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :5905
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၇/၂၀၂၂
မြန်မာနိုင်ငံတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၂ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိ၇သည်။
ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် မြေငလျင်လှုပ်ခတ်မှု ၁ ကြိမ်စီရှိခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၃ ကြိမ်၊ ဇူလိုင် ၅ ရက်တွင် ၃ ကြိမ်၊ ၆ ရက်တွင် ၂ ကြိမ်နှင့် ယနေ့ ဇူလိုင် ရ ရက် နံနက်ပိုင်းတွင် ၁ ကြိမ်လှုပ်ခတ်ခဲ့ရာ တစ်ပတ်အတွင်း ၁၂ ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဇူလိုင်လ (ရ)ရက်နေ့ နံနက် ရ နာရီခန့်တွင် ရှမ်းပြည်နယ် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၃၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၈၁)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.ရ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇ/လက ထုတ်ပြန်ထားသည်။
ယင်းအပြင် ဇူလိုင်လ (၆)ရက်က နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၄၄၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)တွင်လည်း (၄.ရ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သလို ညနေ ၄ နာရီတွင် နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ) အင်အား ရစ်(ခ်)တာ စကေး (၃.ရ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိ၇သည်။
ဇူလိုင်လ (၅) ရက် ညဦး ၁၂ နာရီတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၄၀၆)မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)ကို ဗဟိုပြု၍ တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ တစ်ကြိမ်၊ ၁၁ နာရီခန့်တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာကို ဗဟိုပြု၍ တစ်ကြိမ်၊ စုစုပေါင်း တစ်နေ့တည်းတွင် ၃ ကြိမ် လှုပ်ခတ်ခဲ့သည်။
ထိုနည်းတူ ဇူလိုင် ၄ ရက်နေ့တွင်လည်း မြန်မာနိုင်ငံပြည်ပ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (Andaman Islands, India Region)တွင် နေ့လယ် (၃) နာရီကျော်က တစ်ကြိမ်၊ (၄) နာရီခွဲခန့်က တစ်ကြိမ်၊ (၆) နာရီကျော်က တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် လှုပ်ခတ်ခဲ့သည်။
ဇူလိုင်လ (၃) ရက်တွင် နံနက် ၉ နာရီခန့်တွင်လည်း အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာကို အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့သည်။
ဇူလိုင်လ (၂) ရက်ကဆိုလျှင် မိုင်းလား မြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် ည ၈ နာရီခွဲအချိန် အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့သည်ဟု သိ၇သည်။
ဇူလိုင်လ ၁ ရက်နေ့မှာလည်း ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာမှာညနေ ၈ နာရီခန့်တွင် တစ်ကြိမ်လှုပ်ခတ်ခဲ့သေးသည်ဟု မိုး/ဇလထုတ်ပြန်ချက်အရ သိ၇သည်။
ဇူလိုင်လ ပထမပတ်အတွင်း နေ့စဉ်ရက်ဆက် မြေငလျင်လှုပ်ခတ်ခဲ့သလို တစ်နေ့တည်းတွင် ၃ ကြိမ်အထိ လှုပ်ခတ်ခဲ့ခြင်းများလည်း ရှိခဲ့သည်။(NN-7)
#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.