Preview

စက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၂ ထောင်အောက်အထိ ကျဆင်း

ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4600
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၇/ ၂၀၂၂
မြန်မာပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ယနေ့တွင် တစ်လီတာလျှင် ကျပ် ၂ ထောင်အောက်အထိ ကျဆင်းသွားသည်ဟု သိ၇သည်။
၇ခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခင်က 92 တစ်လီတာလျှင် ၂၂၀၀ ကျော်ရှိခဲ့ရာမှ ယနေ့ဇူလိုင် ရ ရက်တွင် 92 တစ်လီတာလျှင် ၁၉၇၅ ကျပ်အထိ ကျဆင်းသွားခဲ့သည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိ၇သည်။
အလားတူ စစ်တွေတွင် 95 တစ်လီတာလျှင် ယခင်က ကျပ် ၂၃၀၀ ကျော်ရှိခဲ့ရာမှ ယနေ့တွင် ၂၀၉၅ ကျပ်အထိ ကျဆင်းသွားခဲ့သည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့ကြီးများတွင်လည်း ယနေ့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၈၀၀ နှင့် ၂၀၀၀ ကြားသာရှိပြီး ယခင်ရက်များထက် ဈေးနှုန်းကျဆင်းသွားသည်ဟု သိ၇သည်။
သို့ရာတွင် ရခိုင်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးအချို့နှင့် ပြင်ပလမ်းဘေးဆိုင်ငယ်များတွင် တစ်လီတာလျှင် ကျပ် ၂ ထောင်ကျော်ဈေးဖြင့် ဆက်လက်ရောင်းချနေသေးသည်ဟုလည်း စက်သုံးဆီဝယ်ယူသုံးစွဲသူများက ပြောသည်။
စက်သုံးဆီသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.