English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာကို ဗဟိုပြုပြီးအင်အား ၃.၅ အဆင့်ရှိငလျင်လှုပ်ခတ်
ဇူလိုင် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :4390
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၂
၇ခိုင်ပြည်နယ် ဂွမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၀) မိုင်ခန့် အကွာကို ဗဟိုပြုလျှက် ယနေ့ ညနေ ၅ နာရီကျော်က အင်အားရစ်(ခ်) တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်သွားခဲ့သည်ဟု သတင်း ရရှိသည်။
မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီဌာနမှ ယနေ့ညနေ သတင်း ထုတ်ပြန်ချက်အ၇ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့၊ မြန်မာစံတော်ချိန် (၁ရ)နာရီ၊ (၂၃)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၀) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာ ရရှိပါသည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ် အထိဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိ၇သည်။
ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် မြေငလျင်လှုပ်ခတ်မှု ၁ ကြိမ်စီရှိခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၃ ကြိမ်၊ ဇူလိုင် ၅ ရက်တွင် ၃ ကြိမ်၊ ၆ ရက်တွင် ၂ ကြိမ်နှင့် ယနေ့ ဇူလိုင် ရ ရက် နံနက်ပိုင်းတွင် ၂ ကြိမ် ယနေ့ညနေပိုင်း၌ ၁ ကြိမ် လှုပ်ခတ်ခဲ့ရာ တစ်ပတ်အတွင်း စုစုပေါင်း ၁၄ ကြိမ်လှုပ်ခတ်ခဲ့ပြီဖြစ်ကြောင်း သိ၇သည်။
#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.