English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်မှ တက္ကသိုလ်ကျောင်းသူတစ်ဦး ရန်ကုန်တွင် ၅ ရက်ကြာပျောက်ဆုံးနေ၍ မိသားစုများစိုးရိမ်နေ
ဇူလိုင် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :10513
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၇/၂၀၂၂
ရခိုင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ရန်ကုန်မြို့တွင် ၅ ရက်ကြာပျောက်ဆုံးနေပြီး သတင်းအစအန တစ်စုံတစ်ရာမရသေး၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိ၇သည်။
ပျောက်ဆုံးနေသူမှာ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ မခင်ချိုဝေဇင် (၂၁ နှစ်)ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် တက်ရောက်နေသူဖြစ်သည်။
သူမသည် အိမ်မှပို့ပေးလိုက်သည့် ပိုက်ဆံအား ထုတ်ယူရန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် နံနက်က ရန်ကုန်တက္ကသိုလ် ရွှေဘိုအဆောင်မှ လှည်းတန်းသို့ တစ်ဦးတည်းသွားရောက်ခဲ့သည်ဟု သိ၇သည်။
ယင်းနေ့နံနက် ၁၁ နာရီခန့်တွင် စစ်တွေရှိမိဘများအား ငွေထုတ်ယူလာပြီဖြစ်ကြောင်း ဖုန်းဆက်ပြောပြီး ညနေ ၆ နာရီတွင် မိဘများက သမီးဖြစ်သူအားပြန်လည် ဖုန်းဆက်ရာ ဖုန်းစက်ပိတ်ထားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု သိ၇သည်။
သမီးဖြစ်သူ၏ အခန်းဖော်နှင့် ရွှေဘိုအဆောင်မှူးထံ ဖုန်းဆက်မေးရာ အဆောင်သို့လည်း ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။
"ကျွန်တော်ကတော့ သမီးလေးအတွက်အရမ်းစိုးရိမ်နေတယ်။ အဆက်အသွယ်ကလည်း လုံး၀မရဘူး။ အဲ့ဒီနေ့ကစပြီး ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်နဲ့ပဲတိုးတယ်။ ကျွန်တော်ကအတွေ့အကြုံလည်းမရှိတော့ ဘာပြောလို့ ဘာလုပ်ရမာ်မှန်းလည်း မသိဘူး။ စိုရိမ်မိတာတော့ အမှန်ပါပဲ။ ဟိုကိုမေး။ ဒီကိုမေးနဲ့။ ယတြာချေတာတွေလည်း လုပ်နေတယ်" ဟု ပြောသည်။
လက်ရှိတွင် မခင်ချိုဝေဇင် ပျောက်ဆုံးသွားမှုကို ရန်ကုန်ရှိ ကမာရွတ်မြို့နယ်ရဲခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းကလည်း ရှာဖွေမှုများပြုလုပ်နေသည်ဟု သိ၇သည်။ (NN-12)
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.