Preview

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင် ကြိုးတုပ်သေဆုံးနေသော အလောင်းနှစ်လောင်းကမ်းတင်တွေ့ရှိ

ဇူလိုင် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :2170
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင် ၈/၂၀၂၂

 

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသော ပေါက်တောမြို့နယ်၊ မြေငူကျွန်းအရှေ့ဘက်ခြမ်းကမ်းခြေ သဲခုံရွာအနီးတွင် ကြိုးတုတ်သေဆုံးနေသောအလောင်းနှစ်လောင်းကမ်းတင်လျှက်တွေ့ရှိ၇ကြောင်းဒေသခံ ရွာသားများက ပြောသည်

 

အလောင်းတွေ့ရသည့်နေရာများမှာပေါက်တောမြို့နယ်၊ မြေငူကျွန်းအရှေ့ဘက်ခြမ်းရှိ သဲခုံရွာအနီးရှိ  ပြိုင်းတောင်ရွာနှင့် ချိုင်ပြင်ရွာကြားမြစ်ကမ်းတို့တွင်ဖြစ်ကြောင်း သိ၇သည်။

 

သဲခုံရွာနားတွင်တွေ့ရသည့်အလောင်းမှာအမျိုးသားဖြစ်ပြီး သေဆုံးချိန်ကြာမြင့်နေပုံရကာ ရုပ်ပျက်နေပြီဟု သဲခုံရွာဒေသခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

 

"ဒီနေ့မနက်ကသူများရွာတွေက ပါးလာတာထင်တယ်။ ကိုယ့်ရွာကတော့ အဲ့လိုမရှိဘူး။ သေတာကတော့အမျိုးသား ကမ်းတင်လို့များ ဆွဲချထားတာလားမသိဘူး။ လက်တွေ၊ ခြေတွေမှာကြိုးတွေ ချည်ထားတယ်"ဟု ပြောသည်။

 

အလားတူပြိုင်းတောင်ရွာနှင့် ချိုင်ပြင်ရွာကြားတို့တွင်လည်း အလောင်းတစ်လောင်း တင်နေကြောင်းဒေသခံတစ်ဦးက ပြောသည်။

 

"အခုလည်းရှိသေးတယ်နဲ့တူတယ်။ ကြည့်ရတာ သိပ်မသဲကွဲဘူး။ အမျိုးသားပဲ ဖြစ်ဖို့များတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်းသေတာ၊ ပျောက်တာ မကြားမိဘူး။ ဒါကြောင့် အခုဘယ်ကမှန်း မသိဖြစ်နေကြတယ်" ဟု ပြောသည်။

 

အလောင်းတွေ့ရှိသည့်သဲခုံကျေးရွာသို့  ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီ စစ်တပ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားမှုများရှိခဲ့သည်ဟုဒေသခံရွာသားများက ပြောသည်။

 

၎င်းပြင် ယင်းစစ်ကြောင်းသည်ရွာထဲရှိ ဦးစိန်ကျော်မောင်အိမ်အား ဝင်ရောက်ရှာဖွေ မွှေနှောက်မှုများရှိခဲ့ပြီး ၎င်း၏ရေခူဒိုင်ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချပစ်ခဲ့သည်ဟုသိ၇သည်။  ဦးစိန်ကျော်မောင်မှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်ဟုရွာသားများက ပြောသည်။

 

"ဦးစိန်ကျော်မောင်ရဲ့ စက်လှေတွေသိမ်းယူသွားပြီးပြီ။ ပြီးတော့သူ့ရဲ့ ရေခူဒိုင်ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ချပြီး စစ်သားတွေအဲ့မှာနေခဲ့ကြတယ်။ စစ်သားတွေဟာဒီကိစ္စတစ်ခုတည်းနဲ့တော့ ရွာကို တက်လာတာမဟုတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့ဆိုရင် သိမ်းစရာရှိတာလည်းသိမ်းပြီးပြီ။ ဟိုလူကလည်း စစ်သားတွေလာကတည်းက ရွာမှာမရှိတော့ဘူး။ စစ်သားတွေကတော့ ဒီနေ့မနက်ကတော့ ပြန်ထွက်သွားကြတယ်"

 

ယခု လူသေအလောင်းများတွေ့ရှိမှုမှာ စစ်ကောင်စီစစ်ကြောင်းရောက်ချိန်နေချိန်နှင့် တိုက်ဆိုင်နေသော်လည်း မည်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့သည်ကိုမသိရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။

 

၎င်း အင်အားအများအပြား ပါသော စစ်ကြောင်းသည်က ယနေ့  ဇူလိုင် ၈ ရက် နံနက်အစောပိုင်းက ရွာကနေ ပြန်လည်ထွက်ခွာသွားကြောင်းသိ၇သည်။(NN-7)


(ဓာတ်ပုံ- သဲခုံကျေးရွာမှ ငါးလုပ်ငန်းတစ်ခုကို တွေ့၇စဉ်)

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.