English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် ဟိန္ဒူလူမျိုးများ၏ရိုးရာပွဲတော်ကို ၉ ရက်တိုင်တိုင် စည်ကားစွာကျင်းပနေ
ဇူလိုင် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :6215
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဟိန္ဒူလူမျိုးများ၏ ရိုးရာပွဲတော်ကို ၉ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်ဟု သိ၇သည်။
အဆိုပါပွဲတော်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှစတင်ပြီး ဇူလိုင်လ ၉ ရက်အထိ မောင်တောမြို့နယ်အတွင်းရှိ အထင်ကရ ဟိန္ဒူဘုရားရှိခိုးကျောင်းတော်များတွင် စည်စည်ကားကားကျင်းပနေခြင်းဖြစ်သည်။
ထိုပွဲတော်ကို "ဂျော်ဂ်နာသ်" ပွဲတော်ဟု ခေါ်တွင်ပြီး တစ်နှစ်တစ်ခါကျင်းပလေ့ရှိသည်ဟုလည်း ကိုယ်တိုင်သွားရောက်ဆင်နွှဲနေသည့် စစ်တွေမြို့ ဟိန္ဒူဘုန်းကြီးကျောင်းမှ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးအောင်ရွှေက ပြောသည်။
"ဒီရိုးရာပွဲတော်က သူ့အချိန်ကာလနဲ့ ပွဲတော်လုပ်ရတာဖြစ်ပါတယ်။ ဒီပွဲကိုဘာလို့လုပ်ရလဲဆိုတော့ အားလုံးသောဟိန္ဒူလူမျိုးတွေက ပွဲကိုလုပ်ပေးရတယ်။ လုပ်ပေးရင် ကျန်းမာရေး၊ စီးပွားရေး၊ အားလုံးအစစအရာရာအဆင်ပြေပါတယ်" ဟု ပြောသည်။
ထိုပွဲတော်ရက်များတွင် ဟိန္ဒူလူမျိုးများသည် ဟိန္ဒူဘုရားရှိခိုးကျောင်းတော်များတွင် စုရုံးလျက် ကောင်းမှုသီလယူခြင်း၊ သက်သတ်လွတ်အစား အစာများဖြင့် ကျွေးမွေးခြင်း၊ ဆီမီးပူဇော်ခြင်း၊ အသီးအနှံများပူဇော်ခြင်းများပြုလုပ်ကြပြီး လူကြီးသူမများအပြင် ကလေးသူငယ်များပါ ပါဝင်ဆင်နွှဲကြသော ပွဲတော်တစ်ခုဖြစ်သည်ဟုလည်း သိ၇သည်။
ဦးအောင်ရွှေက "လူကြီး၊ လူငယ်အားလုံးက သက်သတ်လွတ်စားပြီးတော့ ပါဝင်ဆင်နွှဲကြတယ်" ဟု ဆက်ပြောသည်။
ထိုရိုးရာပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးရှိကျောင်းတိုက်များတွင်ပြုလုပ်ပြီး မောင်တောမြို့မှာသာလျှင် ၉ ရက်တိုင်တိုင်ကျင်းပခြင်းဖြစ်ကာ စစ်တွေမြို့နှင့် အခြားမြို့များတွင် ဇူလိုင်လ ၁ ရက်ကတည်းက ကျင်းပခဲ့ပြီဖြစ်သည်ဟုလည်း သိ၇သည်။ (NN-12)
Photo – Kochitfar
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.