English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်ပြန် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅ ဦး၌ ကိုဗစ်ပိုး ထပ်တွေ့
ဇူလိုင် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :1473
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၉/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် စက်လှေသမား ၅ ဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိ၇သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကော်ရန်တင်းထားပြီး ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဇူလိုင်လ ရ ရက်တွင် ၂ ဦးနှင့် ဇူလိုင်လ ၈ ရက်တွင် ၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ပိုးတွေ့သူတွေကို ကိုဗစ်ဆောင်မှာ သီးသန့်ထားပါတယ်။ ခရီးသွားလာတဲ့သူတွေဆိုတော့ ကိုဗစ်ထိုးပြီးမှ ခရီးသွားခွင့်ရတာပါ။ ကိုဗစ်ရောဂါတွေကိုမခွဲခြားရသေးတော့ အိုမီခရွန်လို့ မပြောနိုင်ပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမား ၅၅ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ စက်လှေသမား ၃ ဦး၌ ပိုးတွေ့ရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့၇သည်။
လက်ရှိတွင် သူတို့ ၃ ဦးသည် ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဟုလည်း သိ၇သည်။
ရခိုင်တွင် ဇူလိုင်လအစောပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၈ ဦးအထိ ရှိသွားပြီဖြစ်သည်။
ကိုဗစ်တတိယလှိုင်းဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
၇ခိုင်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.