Preview

အမ်းမြို့နယ်တွင် မိုင်းနင်းမိ၍ အသက် ၁၅နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံး၊ မိုင်းထောင်သည့်စစ်တပ်တွင်တာဝန်ရှိဟုဆို

ဇူလိုင် ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :4690
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၁၀/ ၂၀၂၂

၇ခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၉ ရက်နံနက်က မိုင်းနင်းမိ၍ အသက် (၁၅) နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦးသေဆုံးသွားခဲ့ပြီးအလောင်းကို ယနေ့မှ ရရှိသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် အမ်းမြို့နယ်၊ ကဇုကိုင်း၇ွာမှ ရှစ်တန်းကျောင်းသားမောင်စည်သူကျော်လင်း (ခေါ်)လင်းလင်း(၁၅နှစ်)ဖြစ်သည်။

၎င်းသည်ဇူလိုင် ၉ ရက်နေ့ နံနက်က ရွာအနီးရှိ တောင်ပေါ်သို့မျှစ်ချိုးရန် သွားရာမှ နံနက် ၉ နာရီခန့်တွင် မိုင်းပေါက်သံကို ကြားခဲ့ရကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့်၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ မိုင်းပေါက်သံကို ရွာသားများကြားခဲ့ရသော်လည်းနောက်ထပ် အလောင်းသယ်ရန် သွားသူများပါ မိုင်းအန္တာရယ်ရှိနေသဖြင့် ယနေ့မှ အလောင်းကိုခက်ခက်ခဲခဲ ရွာသို့ ယူဆောင်ခဲ့ရကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

မိုင်းပေါက်ကွဲသည့်တောင်ပေါ်တွင် လက်ရှိအချိန်ထိစစ်ကောင်စီတပ်က တပ်စွဲနေရာယူထားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲ၍ သေဆုံးသူ၊ဒဏ်ရာသူများလည်း တစ်နေ့ထက် တစ်နေ့များပြားနေရာ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၀  ရက်အတွင်း မိုင်းပေါက်ကွဲ၍ သေဆုံး ဒေသခံ ဦးဒဏ်ရာ ၇သူ ၅ဦး ထိ ရှိသွားပြီဟုိ၇သည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာများမှာစစ်တပ်တပ်ရင်းအနီးတဝိုက်နေရာများနှင့် ယခင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများဖြစ်ပြီး ပြည်သူများကို ထိခိုက်မှုရှိ၍မိုင်းထောင်သူ မြန်မာစစ်တပ်တွင် အဓိကတာဝန်ရှိကြောင်းဦးဖေသန်းက နိရဉ္စရာကို ပြောသည်။

"အခုမိုင်းပေါက်ကွဲတဲ့နေရာတွေကဗမာစစ်တပ်စခန်းချခဲ့တဲ့နေရာတွေမှာ များပါတယ်။ ဒါကြောင့် သူတို့အနေနဲ့က သူတို့စခန်းကိုကာကွယ်တဲ့အနေနဲ့ အရင်ကချခဲ့တဲ့မိုင်းလည်းဖြစ်နိုင်တယ်။ အခု အသစ်ချတဲ့မိုင်းတွေလည်းဖြစ်နိုင်တာပေါ့။ဒီလိုသာ မိုင်းကို တာဝန်မဲ့မရုပ်သိမ်း၊သို့မဟုတ် စခန်းဝန်းကျင်၊သွားလမ်းလာလမ်းတွေကိုထောင်တယ်ဆိုတာက ပြည်သူတွေကို ထိခိုက်မှု ရှိနိုင်ပါတယ်။ပြည်သူတွေကိုထိခိုက်မှုရှိတဲ့အတွက် ထောင်တဲ့လူမှာတော့ တာဝန်ရှိတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်ရှိတဲ့နေရာတွေမှာထောင်တဲ့အတွက် သူတို့မှာ ပိုတာဝန်ရှိပါတယ်"ဟု ပြောသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းကလည်း ယခု ရခိုင်တွင်ပေါက်ကွဲနေသော မိုင်းများမှာ စစ်ကောင်စီတပ်က ထောင်ထားသောိုင်းများဖြစ်ပြီး လက်ရှိ စစ်ပွဲများ မရှိသော်လည်း စစ်ရေးတင်းမာမှုများရှိနေ၍ မိုင်းသစ်များဆက်လက်ထောင်နေကြောင်းပြောကြားသည်။

 ဟုတ်ဘူးလို့ ငြင်းရင် နိုင်ငံတကာ မိုင်းကျွမ်းကျင်သူတွေကို ခေါ်ပြီးစစ်ခိုင်း၊ ဘယ်သူထောင်တဲ့ မိုင်းဆိုတာ အဖြေပေါ်လိမ့်မယ်။ ဒီမိုင်းတွေကိုဒေသခံတွေ သွားလာတဲ့နေရာမှာ ထောင်ထားမျိုးကိုလုံး၀ဆန့်ကျင် ကန့်ကွက်ပါတယ်။ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေလည်းပြည်သူတွေကို ထိခိုက်နေတဲ့ အတွက် တားမြစ်သင့်ပါတယ်ဟု၎င်းကပြောသည်။

ယခုကဲ့သို့မိုင်းပေါက်ကွဲမှုများဆက်တိုက်ဖြစ်လာသည့်အတွက် ပြည်သူလူထုကြား စိုးရိမ်ကြောင့်ကြမှု ပိုများလာပြီး လက်လုပ်လက်စားပြည်သူများအနေနှင့်အခက်ကြုံရသလိုစစ်ဘေးရှောင်များလည်း နေရပ်ပြန်နိုင်ရေးမှာလည်းပိုမိုဝေးကွာသွားကြောင်း ဦးဖေသန်းကလည်း  ဆက်ပြောဆိုသည်။

"ဒီလို မိုင်းပေါက်တဲ့ကိစ္စတွေသာ ဆက်တိုက်ဖြစ်လာတော့  ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမ ှုတွေ အများကြီး ရှိလာတယ်။ တချို့ကလည်း စစ်ဘေးရှောင်ဘ၀နဲ့နေရပ်ပြန်ဖို့ ကြိုးစားနေတဲ့ ကာလမှာ အခုလိုမျိုး ဖြစ်လာတယ်ဆိုရင် ပြန်ရဲမှာမဟုတ်တော့ဘူး။တစ်ဘက်ကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ပြည်သူတွေအနေနဲ့လည်းတောတက်တောင်တက်ရှာစားနေရတဲ့ပြည်သူတွေလည်းမသွားလာရဲတော့ဘူး"ဟု ပြောသည်။

ဇူလိုင်လ၈ ရက် နေ့လယ် ၁၂ နာရီကလည်း မြောက်ဦးမြို့နယ်  ပေါင်းတုတ်ရွာ အနီးတွင်မိုင်းပေါက်ကွဲ၍ နွားကျောင်းနေသည့် မူဆလင် ကလေး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။  ထိုအထဲမှနှစ်ဦးကို  ဒဏ်ရာပြင်းထန်သဖြင့် မြောင်းဘွေဆေးရုံကို တင်ပို့ခဲ့ရပြီးတစ်ဦးမှာ ခြေထောက်ဖြတ်ပစ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဇူလိုင်လ ၄ရက် နေ့လယ် ၁ နာရီခန့်ကလည်း ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ အသက် ၃၅နှစ်အရွယ် ဦးလှမောင်သည် ရွာအနီးရှိ လယ်ပြင်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ဒဏ်ရာအပြင်းအထန်၇ကာ အပေါက်၀ရွာဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ၃ရက်ကလည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)အနီးတွင် ဝါးခုတ်ရန်သွားသည့် အထက်ခချီးမြောင်ကျေးရွာမှကိုမောင်လှထွန်း (၂၈ နှစ်)သည် မိုင်းပေါက်ကွဲမှုဖြစ်၍ဘယ်ဖက်ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟုသိ၇သည်။

အလားတူ ဇူလိုင်လ၁ ရက်ကလည်း ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင် (၄၅နှစ်)သည် ရွာအနောက်ဘက်ရှိတောင်တွင် နွားပျောက်ရှာစဉ် မိုင်းနင်းမိကာပေါက်ကွဲမှုဖြစ်၍ နောက်တစ်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟုသိ၇သည်။

၇ခိုင်တွင် မိုင်းပေါက်ကွဲ၍သေဆုံးသူ ဒဏ်ရာ၇သူများ တစ်နေ့ထက် တစ်နေ့ များလာနေပြီး ၎င်းမိုင်းများမှာ ကျောက်တော်၊အမ်း၊ မြေပုံ၊ မြောက်ဦး၊မင်းပြားနှင့် ၇သေ့တောင်မြို့နယ်တို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

#မြေမြုပ်မိုင်း#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.