Preview

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၃၃ ဦးကို ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်ရာတွင် ၇ခိုင်မှ ကျောင်းသူ ၂ ဦးပါဝင်

ဇူလိုင် ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :6868
ရခိုင် သတင်း

 

နိရဥ္စရာဇူလိုင် ၁၀၊ ၂၀၂၂

 

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၃၃ ဦးကို ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်ရာတွင် ၇ခိုင်မှ ကျောင်းသူ ၂ ဦးပါဝင် ကြောင်း သတင်းရရှိသည်။

 

ဇူလိုင်၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့်စင်္ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီးပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

 

၇ခိုင်ပြည်မှကျောင်းသူ ၂ဦးသည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၇ခိုင်ပြည်၌

အမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ပြီး၊မြန်မာတစ်နိုင်ငံမှာလည်း  Top Ten အမှတ်အများဆုံး ၁၀ ဦးထဲတွင်ပါဝင်ခဲ့သည်ဟု သိ၇သည်။

 

၎င်းတို့မှာ မြောက်ဦးမြို့နယ် တိမ်ညိုတောင်ပိုင်းကဦးထွန်းမြ နှင့် ဒေါ်ခင်သန်းမူတို့၏ သမီး မနှင်းယုဝေနှင့် ရမ်းဗြဲမြို့နယ်ကဦးအောင်ထွန်းနှင့် ဒေါ်စောမြတ်မွန်တို့၏သမီး မသင်း၇ဒီထွန်းတို့ ဖြစ်ကြသည်။

 

မနှင်းယုဝေသည်  မြောက်ဦးအထက (၁)ကျောင်းမှ  (၅)ဘာသာဂုဏ်ထူးရှင်ဖြစ်ပြီး  မြန်မာ ၊ သင်္ချာ၊ ဓါတုဗေဒ ၊ရူပဗေဒ ၊ ဘောဂဗေဒ ( ဝိပ္ပံဘာသာ)တွဲ အမှတ်၅၁၀ မှတ်၇ပြီး၊ မြန်မာနိုင်ငံအဆင့် ၆ ဖြစ်ပြီး ၇ခိုင်ပြည်က အမှတ်အများဆုံး ပထမရရှိခဲ့သည်ဟုသိ၇သည်။

 

မသင်း၇ဒီထွန်းသည်  စစ်တွေမြို့ ရွှေပျိုးခင်းကိုယ်ပိုင် အထက်တန်ကျောင်းမှ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ (ဝိပ္ပံဘာသာ)တွဲ  လေးဘာသာ ဂုဏ်ထူး မှတ် ၅၀၈ မှတ် မြန်မာနိုင်ငံ အဆင့် ရဖြစ်ပြီး၊ ၇ခိုင်ပြည်မှ  ဒုတိယ အမှတ်အများဆုံး ရရှိခဲ့သူဖြစ်သည်ဟုသိ၇သည်။

 

ထိုကျောင်းသူနှစ်ဦးသည် ဇူလိုင်လ၄ရက်နေ့က ရန်ကုန်ကနေထိုင်းကိုစထွက်ပြီးထိုင်းတွင်   ရက် လေ့လာခဲ့ပြီး  ဇူလိုင်လ ၆ ရက်နေ့ စင်္ကာပူကို ထပ်မံ ထွက်ခွာကာ  စင်္ကာပူခရီး ၂၇က လေ့လာခဲ့ပြီး ဇူလိုင်လ ၈ရက်နေ့တွင် ရန်ကုန်ကို ပြန်ရောက်လာခဲ့သည်ဟု ၅ဘာသာဂုဏ်ရှင်မနှင်းယုဝေက နိရဉ္စရာသတင်းဌာနကို  ပြောသည်။ 

 

" သမီးငယ်ငယ်တုန်းကနေ နိုင်ငံခြားကိုထွက်ချင်တဲ့အိပ်မက်တွေရှိခဲ့ဖူးပါတယ်။ အခုကအမှန်တကယ် သွား၇တော့ အရမ်းဝမ်းသာပါတယ်။နိုင်ငံခြားကတိုးတက်မှုတွေကိုလည်း အများကြီး လေ့လာခွင့်၇တဲ့ အတွက် ပီတိလည်းဖြစ်ပြီးတော အတွေ့အကြုံတွေလည်း အများကြီး၇လာပါတယ်"ဟုပြောသည်။

 

၎င်းလေ့လာရေးခရီးစဉ်သည် စစ်ကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်အ၇၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဝိဇ္ဇာဘာသာတွဲ၊သိပ္ပံဘာသာတွဲ၊  ဝိပ္ပံဘာသာတွဲများတွင်မြန်မာတစ်နိုင်ငံလုံး၌ အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်းထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ၃၃ ဦးအား ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိ၇သည်။( NN-13)

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.