English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၂၁ ရက်ကြာမှ လွတ်မြောက်လာ
ဇူလိုင် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :7309
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးအား AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်သံသယဖြင့် စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် ဇူလိုင် ၉ ရက်က ပြန်လည်လွတ်မြောက်လာပြီဟု သူ၏မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
"ကောင်းကောင်းမွန်မွန်ပါပဲ။ နှိပ်စက်ခံရတာမျိုး မရှိဘူးတဲ့။ ကျန်းကျန်းမာမာပဲ ပြန်လွတ်လာပါတယ်"ဟု ပြောသည်။
ဖမ်းဆီးခံနေရသူမှာ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင်(၃၈ နှစ်)ဖြစ်သည်။
သူသည် ဇွန်လ ၁၉ ရက်တွင် စစ်တွေရှိ ပြည်နယ်ကျန်းမာရေးဌာနသို့ရောက်ရှိနေစဉ် နယ်လုံက စစ်ဆေးစရာရှိသည်ဟုဆိုကာ စ၇ဖများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
သူ့ကို မောင်တောမြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA ကိုဆေးစိမ်ခြင်ထောင်များပေးသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၂၁ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် ဦးစောမင်းနိုင်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။ (NN-7)
#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.