English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ၈ ဦးကိုလွှတ်ပေးပြီး မူဆလင် ၄၀၀ ကျော်အတွက် အဝတ်အထည်များထောက်ပံ့
ဇူလိုင် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :8109
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၁ / ၂၀၂၂
ရခိုင်နှင့် မူဆလင်များအကြား ချစ်ကြည်ရင်းနှီးမှုပိုခိုင်မာလာစေရန်အတွက် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် မူဆလင်အပြစ်သား ၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး မူဆလင် ၄၀၀ ကျော်အတွက် အဝတ်အထည်များကို ထောက်ပံ့လိုက်သည်ဟု သိ၇သည်။
မူဆလင်အပြစ်သား ၈ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင်ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီအီးဒ်" နေ့အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ယမန်နေ့တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကိုပြောသည်။
“အခုလိုမျိုး မူဆလင် ၈ ယောက်ကို လွှတ်ပေးရတဲ့အကြောင်းရင်းကတော့ မူဆလင်တွေရဲ့ အခါကြီးနေ့ရက်တွေမှာ သူတို့မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်ပြီးတော့ ဆုံဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီရခိုင်နဲ့ မူဆလင်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှုပိုပြီးတော့ ခိုင်မာလာစေဖို့အတွက်နေပြီးတော့ အလိုမျိုး လွှတ်ပေးတာ၊ အဝတ်အစားတွေထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်ဗျ”ဟု ပြောသည်။
ယခုလွှတ်ပေးလိုက်သည့် မူဆလင် ၈ ဦးမှာ ဘူးသီးတောင်မြို့နယ်မှဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့တာဝန်ရှိသူများက ယမန်နေ့တွင် ဘူးသီးတောင်မြို့နယ်ကအတွင်း အာလဖာ(၂) စစ်ဒေသ၌ မိသားစုများထံ အခမ်းအနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် "ကုရ်ဘာနီအီးဒ်" နေ့အထိမ်းအမှတ်အဖြစ် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ကျေးရွာပေါင်း ၂၂ ရွာပေါင်းမှ ဆင်းရဲနွမ်းပါးသည့် အမျိုးသား၊ အမျိုးသမီး ၄၅၀ ဦးအတွက်လည်း အဝတ်အထည်များကို AA က ယင်းအခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိ၇သည်။
အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီအီးဒ်" ပွဲတော်သည် ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတော်သည် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည်။
ကုရ်ဘာနီအီးဒ်အဓိပ္ပာယ်မှာ "အသက်စွန့်လွှတ်ခြင်း"ဟု အဓိပ္ပာယ်ရပြီး တိရစ္ဆာန်များထဲမှ ကျွဲ၊ နွား၊ ဆိတ်၊ သစ်ကုလားအုတ်စသည်တို့ကို သတ်ဖြတ်ကာ အလှူအတန်း ပြုလုပ်၇သည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.