နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ၇ခိုင်ပြည်တပ်မတော် (ANC/AA) ပူးပေါင်းပါဝင်သည့်Cobra မဟာမိတ်တပ်ပေါင်းစုစစ်ကြောင်းမှ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုအား တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟုသတင်းရရှိသည်။
တိုက်ပွဲမှာ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်တွင် ထိုးစစ်ဆင်လာသည့်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခလ၇ ၈ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ရာမှတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင်တပ်ဖွဲ့ဝင်အများအပြား ထိခိုက် ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်း၇မိခဲ့ကြောင်းCobra စစ်ကြောင်းမှဓာတ်ပုံများနှင့်တကွ သတင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ၇ခိုင်ပြည်တပ်မတော်( ANC/AA) ဗိုလ်မှူးကြီးမင်းထွန်းကနိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း၇မိကြောင်းကိုအတည်ပြုပြောကြားသည်။
"တပ်ပေါင်းစုဘက်ကထိခိုက်ဒဏ်ရာရမှုက ပြောပလောက်အောင်မရှိဘူး။ အသေးအဖွဲ့ ဒဏ်ရာ၇တာ ၃ ယောက်လောက်တော့ရှိတယ်။စစ်ကောင်စီဘက်ကတော့ လူအများ ထိခိုက်ဒဏ်ရာ၇မယ်လို့ မျှော်လင့်၇တယ်။သို့သော်လည်း ကျန်ခဲ့တာက အလောင်း ၂ လောင်းပဲတွေ့ရတယ်။ ထိခိုက်ဒဏ်ရာ၇ပြီး ပါသွားမယ်လို့တော့ခန့်မှန်းကြတယ်ပေါ့လေ"ဟု ပြောသည်။
ကော်ဘရာစစ်ကြောင်းသည် ကရင်ပြည်နယ် တပ်မဟာ (၆) ၏ ထိမ်းချုပ်နယ်မြေတွင်မဟာမိတ် တပ်ပေါင်းစုအဖြစ် စုဖွဲ့ထားသည့် တော်လှန်ရေး တပ်ပေါင်းစုဖြစ်ပြီး ထိုစစ်ကြောင်းတွင်ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ၇ခိုင်ပြည်တပ်မတော်(ANC/AA) ၊ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ပူးပေါင်း ပါဝင်သည်ဟု သိ၇သည်။
ရခိုင်ပြည်တပ်မတာ်အနေနှင့် နယ်ချဲ့လူမျိုးကြီးဝါဒကိုင်စွဲထားသည့်ရန်သူကိုလက်နက်ကိုင် တိုက်ထုတ်မည့်ဘုံရည်မှန်းချက်တူလျှင် မည်သည့်နယ်မြေ၊ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်မဆိုလက်တွဲသွားမည်ဟု ဗိုလ်မှူးကြီးမင်းထွန်းက ဆက်ပြောသည်။
"မည်သည့်နယ်မြေ၊မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့မဆို၊ မည်သည့် ဒီမိုကရေစီ အင်အားစုနဲ့မဆိုကျွန်တော်တို့ဟာ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ ရန်သူကို လက်နက်ကိုင် တိုက်ရမယ်ဆိုတဲ့ဘုံရည်မှန်းချက်တူရင် ဘယ်သူနဲ့မဆို လက်တွဲသွားမယ်။ ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းနဲ့ လက်တွဲတိုက်ပွဲဝင်တဲ့ သဘောပေါ့လေ"ဟု ပြောသည်။
ဇူလိုင်၁၂ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲမှ ကနေဦးအနေဖြင့် သိမ်းဆည်း၇မိသော RPG ဗုံးသီး၂၆ လုံး၊ RPG ပို့ယမ်း၂၁ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၂၁ လုံး ၊ လက်ပစ်ဗုံး ၁၇ လုံး၊ စကုတ်၂ ခု၊ မိုင်းရှာစက် ၁ ခု၊ ၄၀ မမ ၃၁ လုံး၊ အမျိုးအမည်မသိ 79 ၃လုံး၊ ဖြိုခွင်းရေး ယမ်းမဲ ၇ ချောင်း၊ ၆၀ မမ ၂၉ လုံး၊ အီနာဂါ ၂၂ လုံး၊ ၅.၅၆ ကျည် ၅၀၀၀၊ စက်လတ်ကျည် ၃၀၀၀ MA - 1 ၁လက်၊ ဂျန်ဘာစက် ၁ ခု၊ ကီးပတ်ဖုန်း ၇ လုံး၊ Touch screen ဖုန်း ၄ လုံး၊ငွေ သိန်း ၂၀ ၊မိတ်ကပ် ၂ဘူးနှင့် ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ စသည်ဖြင့်စစ်အသုံးအဆောင်ပစ္စည်း များစွာကို သိမ်းဆည်း၇မိခဲ့ကြောင်း Cobraကော်ဘရာ စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်ဘရာစစ်သည်များ လက်ရှိ အချိန်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။ (NN-7)