English Edition
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၃ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တော စေတီပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၂ လုံးဆုံးရှုံး
ဇူလိုင် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :6169
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုရှိ စေတီပြင်ကျေးရွာတွင် မီးလောင်မှုဖြစ်၍ နေအိမ် ၂ လုံး ဆုံးရှုံးသွားခဲ့သည်ဟု သိ၇သည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ည ၁၀ နာရီခွဲခန့်တွင် အဆိုပါကျေးရွာနေ အာနူရ်ရူဇာမာ၏နေအိမ် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ နေအိမ် ၁ လုံးသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၂ လုံးပျက်စီးသွားပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဟု သိ၇သည်။
လက်ရှိတွင် မီးဘေးဒုက္ခသည် ကျား(၄)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(ရ)ဦးတို့သည် နီးစပ်ရာ ဆွေမျိုးနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပါသည်။
အဆိုပါမီးလောင်မှုကို မောင်တောခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂+၁၃)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂+၁၃)ဦး၊ စုစုပေါင်း(၄+၂၆ )ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့မှုကြောင့် ည ၁၁ နာရီခန့်တွင် မီးငြှိမ်းသွားသည်ဟု သိ၇သည်။
ယခုမီးလောင်မှုဖြစ်သည့်ကျေးရွာသည် မောင်တောမြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း(၂)မိုင်ခန့် ကွာဝေးသည်ဟု သိ၇သည်။
မီးပေါ့ဆသူ အာနူရ်ရူဇာမာသည် ထွက်ပြေးသွားသည့်အတွက် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။
ဓာတ်ပုံ - ၇ခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့
Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.