English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
စစ်ကောင်စီကဖမ်းဆီးတရားစွဲဆိုထားသည့် ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ယနေ့ စတင်ရုံးထုတ်
ဇူလိုင် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :2033
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၂
စစ်ကောင်စီတပ်၏ ဖမ်ဆီးတရားစွဲဆိုခြင်းကို ခံထားရသည့် ၇ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ဒေသခံ ၆ ဦးကို ယနေ့တွင် စတင်ရုံးထုတ်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
အမှုဖွင့်တရားစွဲဆိုခံထား၇သူ ၆ ဦးအနက် မြို့မရပ်ကွက်မှ ဦးကျော်မင်း(၆၁)နှစ်၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်း(၄၀) နှစ်၊ ရွာသာယာမှ ဦးထွန်းလှိုင်(ခ) ပ၇ဟိတ(၅၅)နှစ်တို့ကို ယနေ့ဇူလိုင်လ ၁၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့်တွေ့ဆုံမပေးသဖြင့် တရားခွင်အတွင်း ရုံးထုတ်ခဲ့သည်များကို အသေးစိတ်မသိရှိခဲ့ကြောင်း ၎င်းတို့၏မိသားစုဝင်များက ပြောသည်။
၎င်းတို့ ၃ ဦးအား လာမည့်ဇူလိုင်လ ၂၉ ရက်နေ့အား ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း သိ၇သည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ကိုမျိုးသွင်(၂၈)နှစ်နှင့် စံပြရပ်ကွက်မှ ကိုမြတ်သူ၇ထွန်း(၂၉)နှစ်၊ ဦးဘလှိုင်(၄၀)နှစ်တို့ ၃ ဦးကိုမူ စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် video conferencing စနစ်ဖြင့် မျက်ကွယ်၇မန်ယူခဲ့ကြောင်း ဦးဘလှိုင်၏မိသားစုဝင်တစ်ဦးက ပြောသည်။
"ကျမတို့ ဦးဘလှိုင်၊ ကိုမျိုးသွင်နဲ့ ကိုမြတ်သူရထွန်းတို့ကို မျက်ကွယ်ရမန်ယူတယ်လို့ပြောတယ်။ အမှုကလည်း ကြီးလေးတဲ့အတွက် အဲဒီအထဲကနေယူတာလို့ပြောတယ်။ ဘယ်နေ့ပြန်လို့ရုံးချိန်းလိုက်တာလဲလည်း မသိဘူး" ဟုပြောသည်။
အဆိုပါသုံးဦးကိုမူ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကပင် စစ်တွေအကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါ ပုဏ္ဏားကျွန်းဒေသခံ ၆ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမ၇ ၅၅၀ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး ကြည်လှိုင်က တရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်စစ်ကောင်စီနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။
၎င်းတို့ ၆ ဦးအနက် ဦးကျော်မင်း၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်နှင့် ကိုမြတ်သူရထွန်းတို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ ဦးဘလှိုင်နှင့် ကိုမျိုးသွင်တို့ကို နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)၊ ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှုပုဒ်မ ၃၃၄/၁၄၄ တို့ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိ၇သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ အသက်မပြည့်သေးသည့် မောင်နိုင်မျိုးထွန်းနှင့် မောင်မင်းအောင်နိုင်တို့ လူငယ်နှစ်ဦးကိုလည်း လက်ရှိအချိန်ထိ တရားရုံးမတင်ဘဲ မည်သည့်နေရာတွင်ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း မသိရှိ၇သေးကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးပြီးနောက်တွင် စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့မှ အရပ်သားအများအပြားကိုဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွှတ်ပေးကာ တချို့ကိုတရားစွဲဆိုထားခြင်းဖြစ်သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.