English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် ဘင်္ဂလာအထောက်အထားမဲ့မူဆလင် ၈ ဦး ဖမ်းဆီးခံရဟုဆို
ဇူလိုင် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :5819
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်က အထောက်အထားမဲ့မူဆလင် ၈ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိ၇သည်။
သူတို့ကို မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအုပ်စု၊ မိချောင်းတပ်ကျေးရွာရှိ အိမ် ၁ အိမ်မှ ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုး၇က ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် ပူးပေါင်းအဖွဲ့က တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမြန်မာနိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်လာသူများ ရောက်ရှိနေကြောင်းသိရသဖြင့် ကျေးရွာတာဝန်ခံ၊ ရပ်မိ/ရပ်ဖတို့နှင့်အတူ မီနာရာ၊ (၃၆ နှစ်)၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများ၏ထွက်ဆိုချက်အရ ဒုက္ခသည်စခန်း၌နေထိုင်စဉ် အစားအသောက်ဆင်းရဲမှုနှင့် နေထိုင်မှုအဆင်မပြေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်နိုင်ရန်အတွက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်ဟု သိ၇သည်။
ယင်းနောက် အိမ်ရှင်ဖြစ်သူ မီနာရာ၏ထွက်ဆိုချက်အရ တစ်ရွာတည်းနေ နူမာမတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဆွေမျိုးတော်စပ်သူများ ပြန်လည်လာရောက်မည်ဖြစ်၍ မီနာရာ၏နေအိမ်တွင် တစ်ရက်ခန့်နေထိုင်လိုကြောင်း၊ ငွေ ၅ သောင်းကျပ်ပေးမည်ဟုပြောခဲ့သဖြင့် တရားမဝင် ပြန်လည်ဝင်ရောက် လာသူများအား လက်ခံထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးခံ၇သူ ၈ ဦးကို လက်ခံထားရှိသူ မီနာရာအား လ၀ကအက်ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကာ ဆက်စပ်တရားခံဖြစ်သူ နူမာမတ်အား ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေစုံစမ်းလျက်ရှိကြောင်း သိ၇သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
ဓာတ်ပုံ - ၇ခိုင်နေ့စဥ်
#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.