English Edition
စနေနေ့၊ ဒီဇင်ဘာလ ၀၇ရက်၊ ၂၀၂၄
လှူရန်
Preview
ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမား ၁၁ ဦး၌ ကိုဗစ်ပိုး ထပ်တွေ့ထား
ဇူလိုင် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :1555
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုး တွေ့ထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိ၇သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမားများကို စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကော်ရန်တင်းထားပြီး ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့မှ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်အထိ စက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"မနေ့ကထိတော့ ၁၁ ဦးနဲ့ ပိတ်ထားပါတယ်။ ဒီနေ့ဖို့တွက်တော့ ကျွန်တော်မကြည့်ရသေးပါဘူး။ မသိ၇သေးပါဘူး" ဟုပြောသည်။
လက်ရှိတွင် အဆိုပါ ၁၁ ဦးအနက် အချို့မှာ ကျန်းမာရေးကောင်းမွန်၍ စစ်တွေဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး အချို့မှာ ဆေးရုံအတွင်း ဆေးကုသမှုဆက်လက်ခံယူနေရသည်ဟု သိ၇သည်။
၇ခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့်စက်လှေသမား ၃ ဦး၌ ကိုဗစ်ပိုး တကျော့ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုဗစ်တတိယလှိုင်းဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
၇ခိုင်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။ (NN-13)
Photo - RSCCI
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.