English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
နိုင်ငံအဆင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ စစ်တွေတွင် ကျင်းပမည်
ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :7659
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၇/၂၀၂၂
မြန်မာနိုင်ငံအဆင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ(Mrs. ETHNIC TOURISM 2022)ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဟု သိ၇သည်။
အဆိုပါပြိုင်ပွဲကို စစ်တွေရှိ AKYAB STARS ကဦးဆောင်ကာ လာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ရခိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များကို အကောင်းဆုံးလေ့ကျင့်ပေးသွားမည်ဟု AKYAB STARS Founder ကိုစံသာက နိရဥ္စရာကိုပြောသည်။
"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီပြိုင်ပွဲကို ပထမဆုံးအကြိမ် ရခိုင်မှာကျင်းပသွားမှာပါ။ ရခိုင်ကိုယ်စားပြုပြိုင်ပွဲဝင်တွေကိုလည်း AKyab Star Page ကနေ ဖိတ်ခေါ်ထားတာရှိပါတယ်။ ရောက်လာတဲ့ပြိုင်ပွဲဝင်တွေကိုတော့ ၇ခိုင်ပြည်နယ်အတွက် အကောင်းဆုံး ကိုယ်စားပြုနိုင်အောင် လေ့ကျင့်ပေးသွားမှာပါ" ဟု ပြောသည်။
ပြိုင်ပွဲကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်သော်လည်း နေရာ နှင့် ရက်အတိအကျကို လက်ရှိတွင် အတည်မပြု၇သေးကြောင်း ကိုစံသာက ပြောသည်။
မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသများရှိ ခရီးသွားလုပ်ငန်းများ ယခင်ထက်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ၇ခြင်းဖြစ်ကြောင်း ကိုစံသာက ဆက်ပြောသည်။
"ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ တိမ်မြုပ်နေတဲ့ ခရီးသွားလုပ်ငန်းတွေကို ကျွန်တော်တို့ကနေပြီး Promote လုပ်ချင်လို့ ကျင်းပ၇တာ ဖြစ်ပါတယ်" ဟု ပြောသည်။
အဆိုပါ အလှမယ်ပြိုင်ပွဲတွင် အသက် ၂၀ မှ ၅၅ နှစ်အတွင်း အိမ်ထောင်ရှင်အမျိုးသမီးတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်ရာတွင် အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ပညာအရည်အချင်းများကို ကန့်သတ်မထားကြောင်း သိ၇သည်။
လျှောက်လွှာများကို ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထား၍ AKYAB STARS facebook page မတ်ဆင်ဂျာမှတဆင့် ပေးပို့လျှောက်ထားနိုင်သည်ဟု သိ၇သည်။
Winner ဆုများအနေဖြင့် အသက် ၂၀ မှ ၃၀ နှစ်အတွင်း အနိုင်ရရှိသူကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ၊ အသက် ၃၀ မှ ၄၀ နှစ်အတွင်း အနိုင်ရရှိသူကို ကျပ်သိန်း ၃၀၊ အသက် ၄၀ မှ ၅၅ နှစ်အတွင်း အနိုင်ရရှိသူကို ဆုကြေးငွေ ကျပ်သိန်း ၂၀ စသည်ဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ်ကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်က စစ်တွေတွင် AKYAB STARS ကဦးဆောင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ၁၅ ဦးအနက် ခါးနံပါတ်(၃)ဖြစ်သူ မပြုံးပန်းခိုင်(၂၆ နှစ်)က Winner ဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.