English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်
ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :10637
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းတွင် ယနေ့နံနက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်သံများကို ကြားခဲ့၇သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ရ နာရီကျော်မှစကာ ၁၁ နာရီကျော်အထိ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအလွန် တရိန်းနှင့် မြ၀တီရွာကြားရှိ တောတောင်များဘက်မှ အပြန်အလှန်ပစ်ခတ်သံများကို ကြားခဲ့၇ကြောင်း ပြောသည်။
ဒေသခံတစ်ဦးက "လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေပါ ကြား၇ပါတယ်။ နှစ်ဘက် အပြန်အလှန်ဖြစ်ကြတဲ့အခြေအနေပါ"ဟု ပြောသည်။
အပြန်အလှန်ပစ်ခတ်သံများကို နံနက် ရ နာရီကျော်တွင်တစ်ကြိမ်နှင့် နံနက် ၁၁ နာရီကျော်တွင် တစ်ကြိမ်ကြားခဲ့၇သည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"မနက်ကတည်းကကြားနေရတာ။ ရွာကလူတွေတော့ တချို့တွေ ရှောင်နေကြတယ်။ အခြေနေအ၇တော့ နှစ်ဘက်ဖြစ်နေတာပါ" ဟု ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် AA အပါအဝင် ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားနေသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲမှာ မည်သည့်အဖွဲ့တို့ဖြစ်နေသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
AA နှင့် စစ်ကောင်စီတို့ဖြစ်ခြင်း ဟုတ်/မဟုတ်ကိုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.