Preview

စစ်တွေတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၉ ဦးကို ယနေ့ စတင်ရုံးထုတ်

ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :6421
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထား၇သူ ၉ ဦးကို ယနေ့တွင် စတင်ရုံးထုတ်ခဲ့သည်ဟု သိ၇သည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်၇ခဲ့ကြသည်။
၄င်းတို့ ၉ ဦးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့်အမှုဖွင့်ခံထား၇သူ ၄ ဦးနှင့် ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထား၇သူ ၅ ဦးပါဝင်သည်။
ယနေ့ရုံးထုတ်ရာတွင် စစ်ချက်မယူသေးဘဲ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသူများကို လာမည့်သြဂုတ်လ ၁ ရက်နှင့် ခြေချုပ်နှင့်ခံဝန်ဥပဒေနှင့်တရားစွဲခံထား၇သူများကို လာမည့် ဇူလိုင်လ ၂၆ ရက်သို့ အသီးသီးရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိ၇သည်။
ဖမ်းဆီးတရားစွဲခံထားရသည့် ဦးခင်မောစော၏မိသားစုဝင်တစ်ဦးက "ဒီနေ့တော့ တရားသူကြီးက ကျန်းမာရေးအကြောင်းတွေ၊ နေထိုင်နေ၇တာတွေပြောခဲ့တယ်လို့ပြောတယ်။ စစ်ချက်တော့မယူသေးဘူး။ အမှုတွဲတွေတင်တယ်"ဟုပြောသည်။
ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထား၇သူများမှာ စစ်တွေမြို့ ဓည၀တီ(က)ရပ်ကွက်မှ ဦးမောင်ပု (၄၀ နှစ်)၊ စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅၀ နှစ်)၊ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စော (၄၉ နှစ်)နှင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း (၅၇ နှစ်)တို့ဖြစ်ကြသည်။
ပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထားရသူများမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးဇာနည်စိုး (ခေါ်)ခိုင်လင်း (၂၇ နှစ်)၊ ကုန်တန်းရပ်ကွက်မှ ဦးမောင်မောင်လင်း (၂၆ နှစ်)၊ တည်းခိုခန်းဝန်ထမ်း ကိုကျော်အေးလှိုင် (၂၅ နှစ်)၊ စစ်တွေမြိုနယ် ဗျိုင်းဖြူရွာကျေးရွာမှ မောင်ဇံဦး(၁၉ နှစ်)နှင့် စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက်မှ မောင်ဇော်ဦး (၁၈ နှစ်)တို့ဖြစ်ကြသည်။
ပုဒ်မ ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဇော်ဦး၏ဖခင်က "သူကတော့ ကျန်းကျန်းမာမာနဲ့ရှိပါတယ်။ မိသားစုတွေနဲ့လည်း တွေ့ခွင့်၇ခဲ့တယ်" ဟုပြောသည်။
၎င်းတို့ ၉ ဦးအား လက်ရှိအချိန်ထိ မည်သည့်အကြောင်းရင်းကြောင့် အဆိုပါပုဒ်မများဖြင့်တရားစွဲဆိုထားခြင်းကိုလည်း မသိ၇သေးကြောင်း မိသားစုဝင်များက ပြောသည်။
ပုဒ်မ ၅၀၅(က)သည် ပြစ်မှုထင်ရှားလျှင် ၃ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိ၇သည်။
အလားတူ ပုဒ်မ ၅(၁)(စ)(ဆ)သည် ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက်မပိုသည့်ကာလအတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုသည့်ခံဝန်ဖြင့် တရားသူကြီးက ပြန်လွှတ်ပေးနိုင်သည်ဟု သိ၇သည်။
စစ်တွေတွင် စစ်ကောင်စီရေတပ်အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)က ဇွန်လ ၂၃ ရက်တွင် ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကလည်း စစ်တွေမှ အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဓည၀တီရပ်ကွက်မှ ဖမ်းဆီးခံ၇သူ ၃ ဦးနှင့် ကုန်တန်းရပ်ကွက်မှဖမ်းဆီးခံ၇သူ ၁ ဦးတို့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ။
လက်ရှိတွင် ဖမ်းဆီးခံထား၇သူများအထဲမှ မူဆလင် ၄ ဦးအပါအဝင် ၉ ဦးလွတ်မြောက်သွားကြပြီဖြစ်ပြီး AA ၏ထုတ်ပြန်ချက်တွင်ပါဝင်မှုမရှိခဲ့သည့် ဓည၀တီရပ်ကွမှ ၂ ဦးကို မှောင်ရိပ်ခိုမှုဖြင့် ဇွန်လ ၃၀ ရက်က ထောင်ဒဏ် ၁ လစီချမှတ်ခဲ့သည်ဟု သိ၇သည်။ (NN-8)
ဓာတ်ပုံ - စစ်တွေမြို့နယ်တရားရုံးအားတွေ့၇စဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.