English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာ တရားစွဲခံထား၇သူ ၂ ဦးအား ဇူလိုင် ၂၉ ရက်တွင် အပြီးသတ်အမိန့်ချရန်ပြန်ချိန်း
ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :1227
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထား၇သူ ၂ ဦးအား ဇူလိုင်လ ၂၉ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း စုံစမ်းသိရှိ၇သည်။
၄င်းတို့ ၂ ဦးမှာ ၇သေ့တောင်မြို့နယ်မှ ဦးမောင်ပု(၃၈ နှစ်)နှင့် ဦးသာဇံ(၄၀ နှစ်) တို့ဖြစ်သည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၁၈ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားခဲ့သော်လည်း အမိန့်ချမှတ်ရန်အဆင်သင့်မဖြစ်သေးဟုဆိုကာ ယခုကဲ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဒီနေ့ရုံးချိန်းမှာတော့ တရားသူကြီးက အမိန့်ချမှတ်ဖို့ အဆင်သင့်မဖြစ်သေးလို့ မချမှတ်ခဲ့ရပါဘူး။ လာမယ့်ရုံးချိန်းမှာ အမိန့်ချဖို့ထပ်ချိန်းလိုက်ပါတယ်" ဟုပြောသည်။
၄င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးအောင်မြင့်မြတ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိ၇သည်။
၄င်းတို့အနက် ဦးသာဇံသည် ဖမ်းဆီးခံရစဉ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် မူးယစ်ဆေးဝါးဥပဒေ ၁၉ (က)ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရပြီဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့နှင့်လည်း တရားရင်ဆိုင်နေ၇ဆဲဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။
၎င်းတို့သည် ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်တွင် စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။
စတင်ဖမ်းဆီးခံရစဉ်က ၎င်းတို့အားလိုက်ပါပို့ဆောင်သည့် သုံးဘီးယာဉ်မောင်းတစ်ဦးလည်း ဖမ်းဆီးခဲ့ရသော်လည်း အဆိုပါယာဉ်မောင်းသည် နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် စစ်တွေအကျဉ်းထောင်မှနေ၍ ၂ နှစ်ကျော်ကြာတရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိ၇သည်။(NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.