English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောမြို့နယ်မြောက်ပိုင်းတိုက်ပွဲတွင် ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးလက်နက်ချ၊ ပစ္စတို ၂လက် အပါအဝင် လက်နက်ငယ် ၂၆ လက် သိမ်းဆည်းရမိဟု AA ပြောခွင့်ရသူဆို
ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :3509
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ယနေ့ ဇူလိုင် ၁၈ ရက် နံနက်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံသော ရဲမှူးတယောက်အပါအဝင်သုံ့ပန်းစုစုပေါင်း (၁၄)ဦးရှိပြီး ပစ္စတို ၂လက်၊ လက်နက်ငယ် ၂၄ လက်နှင့် ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်း ရမိထားသည်ဟု ပြောခွင့်၇သူ ဦးခိုင်သုခက ပြောကြောင်း အေအေသတင်းများကို ဖော်ပြနေသည့် Arakan Princess Media တွင် ဖော်ပြထားသည်။
တိုက်ပွဲမှာ ယနေ့ ဇူလိုင်၁၈ ရက်၊ မိုးထ(၉)နာရီခန့်တွင် မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်)ရွာ အကြားတွင် တကြိမ်၊ မိုးထ (၁၀) နာရီ(၃၀) မိနစ်မှာ မောင်တောမြို့နယ်၊ ဒုံးကုလားရွာနန့် ဝက်ကျိန်းရွာ အကြားတွင် တကြိမ် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။
၎င်းတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အေအေပြောခွင့်၇သူ ဦးခိုင်သုခက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့လယ်(၁၂) နာရီ (၂၅) မိနစ်အချိန်တွင် ထိုင်း-ကရင်နယ်စပ်နား KNLA တပ် မဟာ(၅) ဧရိယာ အတွင်းရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအတွင်း ရဲဘော် ၆ ဦးသေဆုံးမှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုပြောဆိုကြောင်း သတင်းတွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ယနေ့ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် နေရာအချို့မှ ပစ်ကူ မှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လာရောက်သည့် စကစ စစ်ကူတပ်များနှင့်လည်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်း၊ တောင်ပြို လက်ယာ နခခ(၆)၊ ကြိမ်ချောင်း နခခ(ရ)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်း ရဲကင်းစခန်း၊ အခြားသောနေရာအချို့မှ လက်နက်ကြီးများဖြင့် ညနေ(၅) နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီဘက်က စစ်ရေးသတင်းများကို ဖော်ပြရေးသားနေသော ရဲရင့် ပို့စ်တွင် ကြိမ်ချောင်းနယ်မြေ စခကအင်အား ၁၇ တွင် နှစ်ဦးကျ၊ ၃ ဦး ထွက်ပြေးလွှတ်မြောက်၊ ကျန်လူများ အဖမ်းခံရ ၊ နခခ (၇) ခုံတိုင် အယောက် ၂၀ လုံး ကျဆုံးသည်ဟု ရေးသားဖော်ပြထားသည်။
(ဓာတ်ပုံ- Arakan Princess Media)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.