English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် ကဏန်းဗုံးထောင်ရန်သွားသည့် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍သေဆုံး
ဇူလိုင် ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :2945
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇူလိုင် ၁၉/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာတွင် ကဏန်းဗုံးထောင်ရန်သွားသည့် အမျိုးသမီးတစ်ဦးသည် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိ၇သည်။
မိုးကြိုးပစ်ခံ၇ပြီး သေဆုံးသွားသူမှာ အသက် ၄၉ နှစ်အရွယ် ဥဒေါင်းကျေးရွာနေ ဒေါ်နုစန္ဒာဖြစ်သည်။
သူမသည် ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ရ နာရီခန့်က ရွာအနီးရှိ အလယ်သံကျော်ချောင်းသို့ သမီးဖြစ်သူအပါအဝင်အခြားအမျိုးသမီးများနှင့်
ကဏန်းဗုံးထောင်ရန်သွားရောက်စဉ် နံနက် ၈ နာရီခွဲခန့်တွင် မိုးကြိုးပစ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ကျန်က ပြောသည်။
"အဲဒီအချိန်မိုးကလည်း အများကြီးတော့ မရွာဘူးလို့ပြောတယ်။ မိုးဖြောက်ဖြောက်ပဲကျနေတာ။ လျှပ်ပြတာလည်း မမြင်လိုက်ရဘူးတဲ့။ မိုးကြိုးပစ်တဲ့အသံကို သူ့သမီးက ကြားလိုက်၇တော့ ကြည့်လိုက်တဲ့အခါအမေက လဲနေပြီ" ဟုပြောသည်။
သေဆုံးသူတွင် အမျိုးသားဖြစ်သူနှင့် သားသမီး ၄ ဦးတို့လည်း ကျန်ရစ်ခဲ့ကြောင်း သိ၇သည်။
၎င်းအား လက်ရှိတွင် မောင်တောဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိ၇သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.