English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေ ပါဒလိတ်အနီးရှိ ၂၃၂ တပ်ထဲမှ ပေါက်ကွဲသံ ၂ ချက်နှင့် လက်နက်ကြီးပစ်သံ ၁ ချက်ထွက်ပေါ်
ဇူလိုင် ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :2590
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၀ /၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအနီးရှိ ၂၃၂ တပ်ထဲမှ ပေါက်ကွဲသံ ၂ ချက်နှင့် လက်နက်ကြီးပစ်သံ ၁ ချက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပါဒလိတ်ကျေးရွာအနီး အရှေ့ဘက်ရှိ ၂၃၂ တပ်အတွင်းမှ ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကြားခဲ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။
“ပထမ ၂ ချက်ကတော့ မိုင်းကွဲသံလိုလိုကြားရပါတယ်။ နောက်ဆုံးအချက်ကတော့ လက်နက်ကြီးအသံကြားပါတယ်။ ဘယ်ဘက်ကိုပစ်တယ်လို့တော့ ကျနော်တို့ မသိ၇ဘူး”ဟု ပြောသည်။
၂ မိနစ်၊ ၃ မိနစ်ခန့်စီတွင် တစ်ကြိမ်စီကြားခဲ့၇ခြင်းဖြစ်သည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးလား၊ မိုင်းကွဲတာလားတော့ သဲသဲကွဲကွဲမသိ၇ဘူး။ ပထမနှစ်ချက်အသံကတော့ နည်းနည်းလောက် မိုင်းကွဲသံလိုမျိုး။ တတိယအခေါက်ကတော့ မိုင်းကွဲတဲ့ပုံစံမျိုးမဟုတ်ဘူး။ နည်းနည်း အသံတွေဘာတွေပါတယ်။ ပစ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်”ဟု ပြောသည်။
ယင်းသို့ ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားခဲ့ရ၍ ဒေသခံများအကြား စိုးရိမ်ထိတ်လန့်ခဲ့၇သည်ဟုဆိုကြသည်။
၂၃၂ တပ်သည် ပါဒလိတ်ကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအကြား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် တည်ရှိသည်။
လက်ရှိတွင် ပါဒလိတ်ကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများလည်းမရှိဘဲ တည်ငြိမ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာမှုများရှိနေချိန် ယခုကဲ့သို့ ပါဒလိတ်အနီးရှိ စစ်တပ်ထဲမှ ပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ကြားလာ၇ခြင်းဖြစ်သည်။
ပါဒလိတ်ကျေးရွာအနီးရှိ ၂၃၂ တပ်အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး(၁၀) လေ့ကျင့်ရေးတပ်တို့မှလည်း ပြီးခဲ့သည့်ဇူလိုင်လ ၄ ရက် ည ၁၀ နာရီခန့်တွင် သေနတ်သံများ ထွက်ပေါ်ခဲ့သည့်အတွက် ဒေသခံများအကြား စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.