English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦး ထောင်ဒဏ် ၃ နှစ်စီချခံရ
ဇူလိုင် ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :8542
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန့်မောင်က ပြောသည်။
"သူတို့ကို ၅ ရက်နေ့ သုံးလပိုင်း ၂၀၂၀ ခုနှစ်ကနေ ဒီနေ့အထိကို ချုပ်ရက်ကို ထုတ်နုတ်၇မယ်။ ကျန်တာကတော့ ၆ လလောက်ပဲ ကျန်တော့တယ်" ဟုပြောသည်။
AA နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်၇သူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူ၀ရီးနှစ်ဦးဖြစ်သည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်အမိန့်ချရန် တစ်နှစ်ကျော်အကြာ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်ခံလိုက်၇ခြင်းလည်းဖြစ်သည်။
ထောင်ချခံလိုက်ရသည့် ကိုနေလင်းဌေး၏မိခင်ဖြစ်သူ ဒေါ်အောင်သန်းနုက "ဟိုတခေါက်က ကျောက်ဆိပ်ကကလေးတွေကို ချလိုက်ကတည်းကနေ သူတို့လည်း အပြစ်မရှိပေမယ့် လွတ်တော့မှာမဟုတ်ဘူးလို့ ခန့်မှန်းထားပြီးသားပါ။ ၃ နှစ်ဆိုရင်လည်း ဒုက္ခခံလို့က နှစ်နှစ်ကျော်နေပြီလေ။ နောက်ငါးလ၊ ခြောက်လလောက်ပဲ နေရတော့မှာပါပဲ။ ဒါကိုပဲမျှော်လင့်နေရတာပါ။ မဟုတ်ရင်လည်း ရုံးချိန်းတွေသွား၇တာ ဒုက္ခကကြီးပါတယ်" ဟုပြောသည်။
၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့ခြင်းဖြစ်ကာ ယနေ့ဇူလိုင်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ရ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.